Health & Wellness

Stayhome မှာ မကြာခဏ အုံးလွဲတတ်သူတွေအတွက် ကုသနိုင်မယ့် နည်းလမ်းကောင်းများ

Read 762 times

by Win May May Htay

အုံးလွဲခြင်းဆိုတာ ရောဂါမဟုတ်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးလူငယ်မရွေး အုံးလွဲတဲ့ ဒဏ်ကို မကြာခဏ ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီဝေဒနာက အန္တာရယ်ကြီးကြီးမားမား မရှိပေမယ့် နေ့စဉ်ဘဝမှာတော့ တော်တော်လေး စိတ်ကသိကအောက် ဖြစ်စရာတစ်ခုပါပဲ။

အုံးလွဲခြင်း (Cervical Spondylosis) ကို များသောအားဖြင့် လည်းပင်းအကြောညပ်တဲ့ ဝေဒနာ ဖြစ်ပေါ်တာကို ခေါ်ဝေါ်လေ့ ရှိကြပါတယ်။ အုံးလွဲခြင်း ဝေဒနာ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။

http://www.mandalaydirectory.com/listing/nay-thu-reain-u137496.html

  • အိပ်စက်ပုံ မမှန်ခြင်း၊
  • ကွန်ပျူတာ (သို့) ဖုန်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊
  • နေထိုင်ပုံ မမှန်ခြင်း၊
  • စိတ်ဖိစီးမှု အလွန်များခြင်း၊
  • အံ ခဏခဏ ကြိတ်ခြင်း၊
  • အပူများခြင်း၊
  • ခေါင်းအုံးအမာ (သို့) ခေါင်းအုံးအမြင့်နှင့် အိပ်စက်မိခြင်း၊
  • ရုတ်တရက် ခေါင်းလှည့်မိရာမှ ဒဏ်ဖြစ်သွားခြင်း၊
  • အဆစ်ရောင်ရောဂါ ရှိခြင်း၊
  • လည်ပင်းနှင့် ကျောရိုးတွင် ထိခိုက်ဒဏ်ရာ ရှိနေခြင်း၊
  • http://www.mandalaydirectory.com/listing/ok-u211665.html

     

စသဖြင့် အကြောင်းအရင်း များစွာထဲကမှ အဖြစ်အများဆုံးကတော့ အိပ်စက်ပုံ အိပ်စက်နည်း မမှန်တာကြောင့်ပါပဲ။ အိပ်စက်တဲ့အခါ ခေါင်းတစ်ဖက်ထဲကို အကြာကြီးစောင်းပြီး အိပ်တဲ့ အခါ စောင်းထားတဲ့အခြမ်းရဲ့ ကြွက်သားက ပျော့နေပေမယ့် ကျန်တစ်ဖက်က ကြွက်သားတွေကတော့ တောင့်တင်းနေတတ်ပါတယ်။

ကြွက်သားဆိုတာက တင်းနေရင် ပြန်ပြန်ပြီး ကျုံ့ဝင်တာပါ။ ဒီလိုဆွဲကျုံ့နေရင်းနဲ့ ကြာလာတဲ့အခါမှာ တန့်သွားတတ်ပါတယ်။ တန့်သွားတဲ့အခါမှာ လည်ပင်းက တောင့်သွားပြီး ပြန်လှည့်လိုက်တာနဲ့ အရမ်းနာလာပါတယ်။ အဓိကကတော့ ကြွက်သားရဲ့ ကျုံ့ခြင်း၊ ဆန့်ခြင်းကြောင့် ဖြစ်တာပါ။

အုံးလွဲခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ …

၁။ နှိပ်နယ်ပေးပါ။
အုံးလွဲတဲ့ နေရာကို လက်ချောင်းအား သုံးပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးခြင်းက ဇက်နဲ့ ပုခုံးမှာ ရှိတဲ့ အကြောတွေကို သက်သာစေပြီး အုံးလွဲခြင်းကို ပြေပျောက်စေနိုင်ပါတယ်။

၂။ ရေနွေးအိတ် ကပ်ပေးပါ။
အုံးလွဲတဲ့နေရာ အနီးတဝိုက်ကို ရေနွေးအိတ်၊ ရေနွေးပုလင်း၊ အုတ်ပူ၊ ဆားကျပ်ထုပ် စတဲ့ အပူတမျိုးမျိုး ပါဝင်တဲ့ အရာတွေ ကပ်ထားပေးပါ။ တစ်ခါကပ်ရင် (၅) မိနစ်ကနေ (၂၀) မိနစ်အတွင်း စိတ်တိုင်းကျ ကပ်နိုင်ပါတယ်။ ဝေဒနာအဖြစ် များရင် များသလို အကြိမ်ရေများများ ကပ်ပေးပါ။

၃။ ဦးခေါင်းကို အနားယူချိန် ပေးပါ။
ခန္ဓာကိုယ်မှာ ရှိတဲ့ ဘယ်အစိတ်အပိုင်းမဆို အချိန်အကြာကြီး ခိုင်းရင် အတွင်းပိုင်းမှာ ဒဏ်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်က မကြာခဏ အုံးလွဲတတ်သူ၊ အုံးလွဲတာကို သည်းမခံနိုင်သူဆိုရင် ဦးခေါင်းအတွက် အနားယူချိန်လေး မကြာခဏ ထားပေးပါ။ ဒါမှသာ မျက်လုံးနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေက သက်တောင့်သက်သာ ဖြစ်နိုင်မှာပါ။

၄။ ရေနွေးနွေးနဲ့ ရေချိုးပေးပါ။
ရေနွေးနဲ့ ရေချိုးတာက တင်းမာနေတဲ့ ကြွက်သားတွေကို ဖြေလျော့ပေးနိုင်တာမို့ အုံးလွဲနေတဲ့အခါ ရေနွေးနွေးနဲ့ ရေချိုးခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ရေရဲ့အပူချိန်ကိုတော့ သတိထားဖို့ ပြောလိုက်ပါရစေ။

၅။ အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ပြင်ဆင်ပေးပါ။
အိပ်ယာနဲ့ အုံးလွဲခြင်းက တိုက်ရိုက်သက်ရောက်နေတဲ့အတွက် အိပ်တဲ့အခါမှာ သက်သောင့်သက်သာ ရှိစေမယ့် ခေါင်းအုံးနဲ့ အိပ်ယာကို ပြင််ဆင်သင့်ပါတယ်။ အိပ်တဲ့ပုံစံမှန်ဖို့လည်း လိုအပ်ပါတယ်နော်။

၆။ လေ့ကျင့်ခန်း လုပ်ပေးပါ။
တင်းနေတဲ့ ကြွက်သားတွေ ဖြေလျော့နိုင်အောင် ပေါ့ပါးတဲ့ ခေါင်းလေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းချင်း လုပ်ဆောင်ပေးပါ။ အကြောလျှော့ပေးဖို့လည်း မမေ့ပါနဲ့နော်။

အုံးလွဲခြင်းက အနည်းဆုံး ၃ရက်နေ အများဆုံး ၂ပတ်အထိ ကြာမြင့်နိုင်ပြီး (၂) ပတ်ကျော်တဲ့အထိ မသက်သာနိုင်ဘူး ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်နော်။

http://www.mandalaydirectory.com/listing/awaratt-u134864.html

 

Bookmark