Business Shopping & Promo

Online ကနေဈေးဝယ်ခြင်းရဲ့ အားသာချက်များ

Read 253 times

By Thant 

ကမ္ဘာကြီးဟာ ယခင်ကထက် ပိုပြီး အလျင်အမြန် တိုးတက်နေတာမို့ စျေးကွက်စီးပွားရေး စနစ်တွေကလည်း တစ်ရက်ပြီး တစ်ရက် ပြောင်းလဲလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး အများစုဟာလဲ အခုဆိုရင် Online စနစ်တွေအဖြစ် ပြောင်းလဲလာတာကို တွေ့နိုင်ပါတယ်။ 

လူတွေကလည်း ဆိုင်တွေမှာ သွားပြီး စျေးဝယ်ထွက်ရတာထက် အိမ်မှာနေရင်း စျေးဝယ်လို့ရတဲ့ Online စနစ်ကို ပိုသဘောကျလာကြပါတယ်။ တချို့က Online စနစ်နဲ့ စျေးဝယ်ခြင်းဟာ မကောင်းဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါ့ကြောင့် Online ကနေ ဘာကြောင့် စျေးဝယ်သင့်သလဲဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ 

၁။ အချိန်ကုန်သက်သာခြင်း 

ကုန်တိုက်တွေ၊ စျေးတွေမှာ သွားပြီး ဝယ်တာထက် Online ကနေ ဝယ်တာက အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။ ကုန်တိုက်တွေမှာ စျေးဝယ်ရင် ကိုယ်လိုချင်တာ တစ်ခုရဖို့ စောင့်ရတဲ့အချိန်တွေ ရှိပေမယ့် Online မှာ စျေးဝယ်တာက အဲ့လို အချိန်တာမျိုး မရှိပါဘူး။ 

၂။ စိတ်ပင်ပန်း သက်သာစေခြင်း 

ကုန်တိုက်မှာ စျေးဝယ်မယ်ဆိုရင် လူကြားထဲ တိုးရမယ့်ကိစ္စ၊ ပိုက်ဆံရှင်းဖို့ တန်းစီရမယ့် ကိစ္စတွေက တစ်ခါတစ်လေ စိတ်ဖိစီးရတတ်ပါတယ်။ Online စနစ်နဲ့ စျေးဝယ်တဲ့အခါမှာတော့ အဲ့လို အကြောင်းအရာတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ငွေရှင်းရတာလွယ်ကူ သက်သာပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်တွေကို အများကြီး လျှော့ချပေးမှာ ဖြစ်ပါတယ်။ 

၃။ ရွေးချယ်စရာများခြင်း 

ရိုးရိုးဆိုင်တွေကထက် Online Shop တွေက ရွေးစရာပစ္စည်း ပိုများတာကို သိကြမှာပါ။ အပြင်ဆိုင်တွေက လူကြိုက်များတဲ့ ပစ္စည်းမျိုးကိုသာ အဓိကထားပြီး ရောင်းချတတ်တာမို့ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်လို့ မရနိုင်ပါဘူး။ Online Shop တွေမှာတော့ ကိုယ်စိတ်တိုင်းကျ ရှာဖွေဝယ်ယူနိုင်ပါတယ်။ 

၄။ Discount ပိုရခြင်း 

အခုဆိုရင် Online စနစ်နဲ့ ရောင်းချတဲ့ ဆိုင်တွေ များပြားလာတာနဲ့အမျှ ဝယ်သူတွေ စိတ်ဝင်စားအောင် ဆိုင်တွေက ကူပွန်၊ Discount နဲ့ တခြားအစီအစဉ်တွေကို အပြိုင်အဆိုင်း ပေးလာကြပါတယ်။ ဝယ်သူတွေ အဖို့လဲ အပြင်ဆိုင်တွေထက် စျေးသက်သက်သာသာနဲ့ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူလာနိုင်ကြပါတယ်။ 

၅။ နယ်ဝေးတွေကလဲ ဝယ်ယူနိုင်ခြင်း 

မြို့ကြီးပြကြီးတွေမှာမှ ဝယ်ယူနိုင်တာ မဟုတ်ဘဲ နယ်ဝေးကနေပါ ဝယ်ယူနိုင်တာက Online က ဝယ်ယူရတဲ့ အဓိက အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ Delivery Service Center တွေ များပြားလာတာက နယ်ဝေးကနေ ဝယ်ယူလိုသူများ အတွက် အဆင်ပြေ လွယ်ကူသွားစေတာပါ။ ကိုယ်ကိုယ်တိုင် ဝယ်ယူလိုရင်ပဲဖြစ်ဖြစ်၊ လတ်ဆောင်ပစ္စည်း ပေးလိုရင်ပဲဖြစ်ဖြစ်၊ Online ကနေ ဝယ်ယူတာက အိမ်အထိ ပို့ဆောင်ပေးတာမို့ အဆင်ပြေလွယ်ကူပါတယ်။ 

Bookmark