Photo Credit to VOA Burmese
မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရုံးတွင် အငယ်တန်းစာရေး ရာထူး (၄)ခု လစ်လပ်လျက်ရှိပြီး ၎င်းလစ်လပ် ရာထူးများအတွက် သတ်မှတ်ပညာ အရည်အချင်းများနှင့် ကိုက်ညီသူများအား ဝန်ထမ်းခေါ်ယူလျက် ရှိကြောင်း သိရသည်။
သတ်မှတ်အရည်အချင်းများမှာ
၁။ B.Com, B.Econ(Stats), B.Act ဘွဲ့ရရှိသူနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး Diploma in Accounting (သို့) LCCI Level - I, II, III အောင်မြင်ပြီးသူ။
ခေါ်ယူမည့် အရေအတွက် - (၂)ဦး
၂။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
ခေါ်ယူမည့် အရေအတွက် - (၂) ဦး
လစာနှုန်းထားများမှာ ကျပ် (၁၈၀,၀၀၀ မှ ၂၀၀,၀၀၀) အထိ ဖြစ်သည်။
၎င်းလစ်လပ်ရာထူးများအတွက် လျှောက်ထားနိုင်မည့်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
လျှောက်ထားမည့် သူများသည် လျှောက်လွှာစာရွက်နှင့်အတူ အောက်ပါ စာရွက်စာတမ်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။
၁။ (၆)လအတွင်း ရိုက်ကူးထားသော ပက်စ်ပို့ဓာတ်ပုံ (၂)ပုံ၊ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားအမှတ် ရေးသားရန်)
၂။ ဘွဲ့လက်မှတ်မိတ္တူ၊
၃။ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ် မိတ္တူ၊ (အသက် အထောက်အထားအတွက်)
၄။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမိတ္တူ၊
၅။ မိဘနှစ်ပါး၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမိတ္တူ၊
၆။ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ၊
၇။ (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမား မှတ်ပုံတင် ကဒ်ပြားမိတ္တူ၊
၈။ တစ်လအတွင်း ရရှိထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ (မူရင်း)၊
၉။ တစ်လအတွင်း ရရှိထားသော ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက် (မူရင်း)၊
၁၀။ ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးလက်မှတ် ထောက်ခံချက် (မူရင်း)၊
၁၁။ အလုပ်ခန့်အပ်ခံရပါက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိပြု ဝန်ခံချက်။
လျှောက်လွှာနှင့် ကိုယ်ရေးအကျဉ်းပုံစံများကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ စ၍ အောက်ပါလင့်ခ်တွင် ဝင်ရောက်ထုတ်ယူနိုင်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားရန် မလိုပေ။
လျှောက်လွှာရယူရန် လင့်ခ်
လျှောက်လွှာများကို ဒုတိယညွှန်ကြားရေးမှူချုပ်၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရုံး၊ မန္တလေးမြို့သို့ လိပ်မူပြီး စာတိုက်မှ မှတ်ပုံတင်၍ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။
အရည်အချင်းစစ် စာမေးပွဲတွင် ရေးဖြေ ဖြေဆိုရမည့် ဘာသာရပ်များမှာ
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) အထွေထွေ ဗဟုသုတ စသည်တို့ ဖြစ်သည်။
အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး သတ်မှတ်ရက်ထက် လျှောက်ထားပေးပို့လာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့် မကိုက်ညီသူများနှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံသူများကို လက်ခံစဉ်းစားပေးသွားမည် မဟုတ်ပါ။
ရေးဖြေစာမေးပွဲ ပြုလုပ်ရမည့် အချိန်၊ နေရာ၊ နေ့စွဲ၊ ဖြေဆိုခွင့် ရရှိသူများ၏ အမည်စာရင်းများနှင့် ခုံနံပါတ်များကို မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရုံး၏ Facebook Page (Mandalay Region Hluttaw) နှင့် Website (mandalayregion.hluttaw.mm) တို့တွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။