Food and Drink

လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့ နွေရာသီရဲ့ဓာတ်စာ ဖာလူဒါလုပ်နည်း

Read 782 times

ဖာလူဒါဆိုတာ အိန္ဒိယနိုင်ငံရဲ့ ရိုးရာအစားအစာတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဟိုးယခင်တည်းက ကြိုက်နှစ်သက်ကြပြီး ကလေး၊လူကြီးမရွေး အချိုတည်းစရာအဖြစ် စားသုံးခဲ့ကြပါတယ်။ ပူတင်းနဲ့ ရေခဲမုန့် အများကြီး ပါဝင်တဲ့ ဖာလူဒါက ငယ်ဘဝရဲ့ အမှတ်ရစရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

အခု နွေရာသီလည်း ပြန်ရောက်လာပြီဆိုတော့ ဖာလူဒါအေးအေးလေးကို နွေရာသီရဲ့ ဓာတ်စာအဖြစ် စားသုံးချင်ကြတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးလိုက်ချင်ပါတယ်။ 

ပါဝင်ပစ္စည်း

  • ကျောက်ကျောအနီ - တစ်ပန်းကန်
  • ကျောက်ကျောအစိမ်း- တစ်ပန်းကန်
  • ပင်ပွား - ထမင်းစားဇွန်း (၃)ဇွန်း
  • သာကူစေ့ - (၁၀၀) ဂရမ်
  • ဂျုံပူတင်း - (၅)တုံး
  • မုန့်လက်ဆောင်း - တစ်ပန်းကန်
  • ရေခဲမုန့် - (၅)လုံး
  • နွားနို့ - တစ်ဘူး (Full cream Milk တလီတာ) 

ပြုလုပ်နည်း

၁။ သာကူစေ့ကို အဆံပျောက်အောင် ပြုတ်ပြီး ရေဆေးကာ ရေစိမ်ထားပေးပါ။

Falooda recipe | How to make falooda ice cream | Faluda recipe

၂။ ကျောက်ကျော (၁ဝ)ဂရမ်တစ်ထုပ်ကို အရောင်နှစ်မျိုးခွဲပြီး ကျိုထားပါ။ (အချိုမပါဘဲလည်း ပြုလုပ်နိုင်သလို ဂျယ်လီဘူးသေးလေးများဖြင့်လည်း အစားထိုးနိုင်ပါတယ်။)

၃။ ခဲသွားတဲ့ ကျောက်ကျောကို အမျှင် သို့မဟုတ် လေးထောင့်တုံးလေးများ တုံးထားပါ။

၄။ ပင်ပွားကို ပန်းကန်လုံးတစ်ခုမှာ ထည့်ပြီး (၁၅)မိနစ်ခန့် ရေစိမ်ထားပါ။

၅။ရေခဲသီးသန့် မထည့်လိုပါက ပါဝင်ပစ္စည်းအားလုံးကို အေးနေအောင် ရေခဲစိမ်ခြင်း သို့မဟုတ် အအေးခန်းမှာ ထားခြင်းများ ပြုလုပ်ထားပါ။

ဂျုံပူတင်းပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ … 

  • ကြက်ဥ - (၆)လုံး
  • နွားနို့ - (၆၅၀) မီလီလီတာ
  • နို့ဆီ - တစ်ဘူး
  • ဗနီလာ အနံ့ - လက်ဖက်စားဇွန်း (၁)ဇွန်း
  • ဂျုံ - ၅၀ ဂရမ် (လက်ဖက်စားဇွန်း (၃)ဇွန်း)

ဂျုံပူတင်း ပြုလုပ်နည်း

၁။ Ovenကို အပူချိန် (၂ဝဝ) ဒီဂရီ အပူပေးထားပြီး မုန့်ဖုတ်မယ့်ဗန်းကို ထောပတ်လူးထားပါ။

၂။ ကြက်ဥ၊ နို့ဆီ၊ နွားနို့၊ ဗီနီလာ၊ ဂျုံ စတာတွေကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပါ။

၃။ ပြီးရင်တော့ အိုးအလွတ်တစ်ခုထဲကို ဇကာနဲ့ စစ်ချပြီး ထည့်ပါ။

၄။ ပြီးရင်တော့ မီးဖိုပေါ်မှာ မီးအနေတော်နဲ့ တည်ပြီး အခဲတွေမဖြစ်စေဖို့ မွှေတံနဲ့ အဆက်မပြတ် မွှေပေးပါ။ 

၅။ ပူတင်းအနှစ်တွေ ပျစ်လာပြီဆိုတာနဲ့ ထောပတ်လူးထားတဲ့ ဗန်းထဲမှာ လောင်းထည့်ပြီး မျက်နှာပြင်ညီအောင် ပြုလုပ်ကာ Oven ထဲမှာ မိနစ်(၃)ခန့် မျက်နှာပြင် အရောင်တက်လာတဲ့အထိ ဖုတ်ပေးပါ။ 

၆။ အလယ်မုန့်သား ကျက်မကျက် သိစေဖို့ အတွင်းကို အချွန်တစ်ခုခုနဲ့ ထိုးကြည့်ပါ။ ကြက်ဥနှစ်တွေ ကပ်မပါလာတော့ဘူး ဆိုရင် ပူတင်းသား ကျက်ပါပြီ။ 

၈။ ပူတင်းသားကျက်ရင် ရေခဲသေတ္တာမှာ လုံးဝအေးသွားတဲ့အထိ အအေးခံပြီး လိုသလို လှီးဖြတ်ထားပါ။

အားလုံးပြီးပြီဆိုရင်တော့ ဖာလူဒါတည်ခင်းဖို့ ပြင်ဆင်ပါမယ်။ 

How to Make Falooda Kulfi: 12 Steps (with Pictures) - wikiHow

၁။ ပထမဆုံး ခွက်ထဲကို နှင်းဆီအနံ့ အနီရောင်အချိုရည် အပျစ် (၃)ဇွန်းခန့် ထည့်ပါ။ အချိုကဲချင်ရင် ပိုထည့်လို့ ရပါတယ်။

၂။ မုန့်လက်ဆောင်ဖက်၊ သာကူစေ့၊ ပင်ပွား၊ ကျောက်ကျော၊ ဂျယ်လီ အစိမ်းနဲ့အနီတို့ကို ထည့်ပါ။ 

၃။ ပူတင်းလိုသလောက် ထည့်ပါ။ 

၄။ နွားနို့ကို ခွက်ရဲ့ လက်(၂)လုံးအထိ ထည့်ပါ။ 

အားလုံးပြီးရင်တော့ ရေခဲမုန့်လိုသလောက်ထည့်ပြီး အရသာရှိတဲ့ ချိုချိုအေးအေး ဖာလူဒါလေးကို သုံးဆောင်နိုင်ပါပြီနော်။ 

Bookmark