မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အောက်တိုဘာလ (၂) ရက်နေ့က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၏ နောက်ဆုံးအဆင့်တွင် မိမိအိမ်တွင်သာ နေထိုင်ရန် (Contain At Home) ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကဲ့သို့ ဆောင်ရွတ်မည် ဖြစ်ကြောင်းကို ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး အပါအဝင် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်] တို့မှ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးဆက်ပြန့်ပွားမှုသည် တစ်ရက်လျှင် ပျှမ်းမျှအားဖြင့် အယောက် (၈၀၀) မှ (၁,၀၀၀) ကျော်အထိ ကူးဆက်လျက် ရှိနေပါသည်။
ထို့ကြောင့် ယခုအခါ COVID-19 ကုသရေးဌာနများအား ပြောင်းရွှေ့ကုသ နိုင်ရေးအတွက် ပိုမိုပြီး လိုအပ် နေတာကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပြီး ယခုလက်ရှိ အနေအထားအရ ၎င်းတို့အနေဖြင့် ထိန်းနိုင်သေးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် Quarantine ဝင်ရောက်ရသည် လူနာတိုင်းကို ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အောက်ဆီဂျင်တိုင်းသော စက်၊ Pressure တိုင်းတဲ့ စက်၊ စာတဲ့ ကျန်းမာရေး အထောက့်အပံ့ (Facilities) တွေအပြင် ကျန်းမာရေး စောင့်ရှောက်သူတွေပါ အသင့် ထားပေးထားပါတယ်။
ရောဂါကူးဆက် ပြန့်ပွားနေမှုသည် ယခုထပ် ပိုမိုများပြားလာပါက နောက်ဆုံးအဆင့် ဖြစ်သော နိုင်ငံတကာမှာ လုပ်ဆောင်နေသော မိမိအိမ်တွင်သာ ထားဖို့ (Contain at Home) ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ညွှန်ကြားမှုအရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အောက်တိုဘာ (၄) ရက်နေ့၌ ပြုလုပ်ခဲ့သော အစည်းအဝေးအရတွင် ရန်ကုန် ဆေးရုံကြီးနဲ့ အခုလို ဆေးရုံကြီးတွေအတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့အတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ကြောင်းကို သိရပါတယ်။
ref: the mirror daily