Business

မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည့် ကိုဗစ်ကာကွယ်ဆေး

Read 423 times

Seychellesနှင့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ် Covid-19 ကာကွယ်ဆေး Covishield ကို မကြာမီမှာ လက်ဝယ်ရရှိတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သော Oxford-AstraZeneca "Covishield" ကာကွယ်ဆေးကို သက်ဆိုင်ရာနိုင်ငံတွေကို တင်ပို့လိုက်ပြီး ဖြစ်ပါတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံက နိုင်ငံပေါင်း (၆) နိုင်ငံကို လက်ဆောင်အဖြစ် COVID-19 ကာကွယ်ဆေးများကို ပေးအပ်သွားမယ်လို့လည်း ကြေညာထားပါသေးတယ်။ ကာကွယ်ဆေးတွေကို လက်ဆောင်အဖြစ် ရရှိထားတဲ့ နိုင်ငံတွေကတော့ ဘူတန်၊ မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါ စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

Thousand doses of Covishield vaccine found 'frozen' in Assam's Silchar,  probe ordered | India News | Zee News

အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများကို ဇန်နဝါရီလ (၂၂) ရက်နေ့မှာ Seychellesနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိမယ်လို့ သိရပါတယ်။ Seychelles သို့ ကာကွယ်ဆေးအရေတွက် (၅၀,၀၀၀) ကို ဒေသစံတော်ချိန် နေ့လည် (၁) နာရီဝန်းကျင်မှာ ရောက်ရှိမှာဖြစ်ပြီး ကာကွယ်ဆေး (၁.၅) သန်းကို မြန်မာနိုင်ငံမှရရှိမှာ ဖြစ်ပါတယ်။

Seychelles က လူဦးရေ (၉၇,၀၀၀) ရှိကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဒုတိယကျွန်းနိုင်ငံဖြစ်ပြီး မော်လဒိုက် ပြီးရင် အိန္ဒိယကာကွယ်ဆေးကို ဒုတိယအနေနဲ့ ရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေးတွေကို ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနှင့် Seychelles စတဲ့ နိုင်ငံ (၆) နိုင်ငံကို လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။

အိန္ဒိယမှပေးပို့သော ကာကွယ်ဆေးတွေကို ဇန်နဝါရီလ (၂၁)ရက်နေ့မှာ နီပေါနိုင်ငံမှ (၁) သန်းနှင့် ဘင်္ဂလားဒေ့ရှ်မှ သိန်း (၂၀) ခန့် အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ Oxford က ထုတ်လုပ်တဲ့ Covishield အမည်ရှိ ကာကွယ်ဆေးကို လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးရပြီး လူဦးရေ (၁၅) သန်း အသုံးပြုနိုင်တဲ့ အတွက် အကြိမ်ရေ သန်းသုံးဆယ် ဝယ်ယူရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

India begins exporting COVID-19 vaccines, 1.5 lakh Covishield doses  dispatched to Bhutan

ဇန်နဝါရီလ (၅) ရက်နေ့က ကုန်အမှာစာ ပို့လိုက်ပြီး ကုန်ဖိုးငွေကို နှစ်ကြိမ် ခွဲပို့ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတန်ဖိုးရဲ့ (၅၀) ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၇၅) သန်းကို ဇန်နဝါရီလ (၁၄) ရက်နေ့ နောက်ဆုံးထားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှ ငွေလွှဲခဲ့တာဖြစ်ပါတယ်။

ကျန် (၇၅) သန်းကို ကာကွယ်ဆေး (၁၀) သန်း မြန်မာနိုင်ငံသို့ ရောက်ရှိအပြီး ပထမဆုံး ရုံးဖွင့်ရက်မှာ ထပ်မံငွေလွှဲပေးပို့ရမှာ ဖြစ်ပါတယ်။ Covishield ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံး ဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းဦးရေက (၁၁၀,၀၀၀) ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

Bookmark