Event & Entertainment Mandalay Trend Movies

Comedy ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် Netflix ရဲ့ ဇာတ်လမ်းအသစ် Emily in Paris

Read 391 times

Netflix Original Series တစ်ခုဖြစ်တဲ့ Emily in Paris ဇာတ်လမ်းလေးက အောက်တိုဘာလ (၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ရေပန်းစားလူကြိုက်များတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အကောင်းဆုံး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Daren Star ရဲ့ ဖန်တီး ရိုက်ကူးချက်တွေနဲ့ ဇာတ်ကားတစ်ကားပါ။ 

နာမည်ကြီး မင်းသမီး တစ်ယောက်ဖြစ်တဲ့ Lily Collins နဲ့အတူ ဆွဲဆောင်မှုအပြည့်နဲ့ ပရိတ်သက်အကြိုက် မင်းသား Lucas Bravo တို့က ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ IMDb – 7.4/10 ရထားပြီး လတ်တလောမှာ လူကြိုက်များနေတဲ့ နာမည်ကြီး Comedy-Drama ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ်။

ဇာတ်ကားလေးက စတင်ထွက်ရှိပြီး ရက်ပိုင်းအတွင်းမှာတင် ချက်ချင်းဆိုသလို ရေပန်းစား လူကြီုက်များတဲ့ Series စရင်းမှာ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းလေးကို အပိုင်း (၁၀) နဲ့ ဖွဲ့စည်း ရိုက်ကူးထားတာ ဖြစ်ပြီး ဝေဖန်မှု အနည်းငယ်ရှိခဲ့တဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

ဇာတ်လမ်းလေးထဲမှာ Emily က ပြင်သစ်စကားမပြောတတ်တဲ့ အမေရိကန်နိုင်ငံသူ တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အလုပ်ရှင် ဖြစ်တဲ့ သူဌေးက ရုတ်တရက် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ပြင်သစ်ရုံးခွဲကို မသွားနိုင်တဲ့အတွက် Emily ကို စေလွှတ်ဖို့ ဖြစ်လာပါတော့တယ်။

ဒီတော့ အမ်မလီတစ်ယောက် ပြင်သစ်မှာ ကြုံရမယ့် အလွဲလွဲ အချော်ချော်လေးတွေကို တသောသောနဲ့ ရယ်မောရင်း ပြင်သစ် နဲ့ အမေရိကုန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေ၊ ပြင်သစ်ရဲ့လှပတဲ့ရှုခင်းတွေနဲ့ အတူ အချစ်၊ စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။

မင်းသမီးရဲ့ဖက်ရှင်တွေကလည်း မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်နေတဲ့ အပြင် Season (1) အနေနဲ့ ထွက်လာတာ ဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ Season (2) ကို မျှော်လင့်နေ ပါတယ်။ 
 

Bookmark