Travel

ကမ္ဘာပေါ်မှာ အနားယူဖို့ အကောင်းဆုံးကမ်းခြေ (၅) ခု

Read 345 times

စိတ်ပင်ပန်းမှုတွေများလာတဲ့အခါ စိတ်ကိုအနားပေးဖို့ လိုအပ်လာပါတယ်။ စိတ်ရောလူရော ပင်ပန်းမှုတွေကို ပြေပျောက်သွားဖို့အတွက် ခရီးထွက်ကြပါတယ်။ တချို့ကတော့ ခရီးသွားရတာ ဝါသနာမပါတဲ့အတွက် Staycation နေပြီး အပန်းဖြေကြပါတယ်။ 

တကယ်တော့ စိတ်အပန်းဖြေဖို့အတွက် ကမ်းခြေဆိုတာ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ပင်လယ်ပြင်က တိုက်ခတ်လာတဲ့ လေပြေတွေက ပင်ပန်းမှုတွေကို ယူဆောင်ပေးသွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းပင်လယ်ကမ်းခြေတွေကို သွားရတာ ငြီးငွေ့နေပြီဆိုရင်တော့ ကမ္ဘာပေါ်မှာ အနားယူဖို့ သွားသင့်တဲ့ ကမ်းခြေတွေရှိနေပါတယ်။

စိတ်ကို အလွတ်လပ်ဆုံးဖြစ်သွားစေမယ့် ကမ္ဘာကျော်ကမ်းခြေတွေကတော့ ...

5.Maui

လူတွေအများကြီးရှိမနေဘဲ Hawaii ကမ်းခြေလိုမျိုး ခံစားချင်ရင်တော့ Maui ကမ်းခြေကို ရောက်အောင်သွားသင့်ပါတယ်။ North Shore က Ho'okipa သဲသောင်ပြင်ဥယျာဉ်နဲ့ Kanaha သဲသောင်ပြင်ဥယျာဉ်တို့က ခရီးသွားတော်တော်များများကို ဆွဲဆောင်နေပါတယ်။ 

Maui Official Travel Site: Find Vacation & Travel Information | Go Hawaii

4.Tahiti

ပြင်သစ်ပေါ်လီနီးရှားကျွန်းစုမှာ တည်ရှိပြီး စိမ်းလန်းတဲ့တောတွင်းသစ်ပင်တွေ၊ အပန်းဖြေစခန်းတွေနဲ့ သဲကမ်းခြေတွေကြောင့် လူသိများပါတယ်။ တကယ်လို့ သင်က ခရီးသွားရတာဝါသနာပါတယ်ဆိုရင် ဒီကမ်းခြေကို စွန့်စားခရီးတစ်ခုအနေနဲ့ ထွက်သင့်ပါတယ်။

Islands of Tahiti - Directory & Tahiti Island Guide | Tahiti Legends

3.Maldives

Maldives ကမ်းခြေက သင်သွားဖူးတဲ့ တခြားကမ်းခြေတွေနဲ့ လုံးဝမတူပါဘူး။ ကမ်းခြေက အပူပိုင်းဒေသမှာ တည်ရှိနေတာကြောင့် အနေအထိုင် အစားအသောက် သတိရှိနေဖို့တော့လိုပါတယ်။ သိရသလောက်တော့ ယူနိုက်တက်စတိတ်ကနေပြီးတော့ တိုက်ရိုက်လေယာဉ်ခရီးစဉ်မရှိသေးပါဘူး။ သီရိလင်္ကာရဲ့ အနောက်တောင်ဘက်မိုင် (၅၀၀) ခန့်မှာ အာရေဗီယမ်နဲ့ တက်ခတ်ပင်လယ်းကြားမှာရှိတဲ့ Maldives ကမ်းခြေကို အရောက်သွားသင့်ပါတယ်။

We paid £22k for a year in the Maldives | Travel | The Sunday Times

2.Bora Bora

ဒီပြင်သစ်ပေါ်လီနီးရှားကျွန်းက သေးပေမယ့် စွဲမက်ဖို့ကောင်းပါတယ်။ ကျွန်းက အရှည် (၆) မိုင်သာရှိပြီး (၃) မိုင်လောက်ပဲ ကျယ်ပါတယ်။ Bora Bora မှာ ဘယ်နေရာကြည့်ကြည့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကမ်းခြေတွေ၊ စိမ်းလန်းတဲ့ တောတွင်းသစ်ပင်တွေနဲ့ ရေအောက်ဘန်ဂလိုတွေကြောင့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။ Matira ကမ်းခြေရဲ့ သဲသောင်ပြင်က နေရောင်ခြည်နဲ့ သဲသောင်ကမ်းခြေတစ်လျှောက်လမ်းလျှောက်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ Four Seasons Resort Bora Bora က Otemanu တောင်ကိုကြည့်ရှုလို့ အလိုက်ဖက်ဆုံးနေရာ ဖြစ်ပါတယ်။

Conrad Bora Bora Nui, Bora Bora Island- Parhaat tarjoukset | Agoda.com

1.Fiji

ကျွန်းပတ်ပတ်လည်၊ နားခိုသင့်တဲ့ အပန်းဖြေစခန်းများ၊ ကြည်လင်တောက်ပနေတဲ့ ရေတွေနဲ့ မရေမတွက်နိုင်တဲ့သဲသောင်ပြင်များစွာရှိတဲ့ Fiji က အပန်းဖြေခရီးသွားဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ Fiji က ကမ္ဘာ့အခြားနေရာဒေသတွေနဲ့ ကွဲပြားပါတယ်။ တောင်ပစိဖိတ်သမုဒ္ဒရာရှိ နယူးဇီလန်မြောက်ပိုင်းမှ မိုင် (၁၃၀၀) ကျော်အဝေးမှာ တည်ရှိနေတဲ့ ကျွန်းလေးဖြစ်ပါတယ်။

Castaway Island, Fiji, Holiday residences Castaway Island

Bookmark