စိတ်လက်အပန်းဖြေဖို့ အကောင်းဆုံးက ခရီးထွက်ခြင်းပါပဲ။ အဆိုးဆုံးတွေ ကျော်လွန်တဲ့အခါ ခရီးတွေ သွားကြမယ်၊ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေကြမယ်၊ နယ်မြေအသစ်တွေကို စူးစမ်းကြမယ်၊ ဒါတွေဟာ လူတိုင်း ပြုလုပ်ချင်တဲ့၊ ပြုလုပ်သင့်တဲ့ အရာတွေ ဖြစ်မယ်လို့ ထင်ပါတယ်။
ပြည်တွင်းခရီးစဉ်ဖြစ်ဖြစ်၊ နိုင်ငံခြား ခရီးစဉ်ဖြစ်ဖြစ် ဘယ်ခရီးသွားသွား အခြေခံခရီးစဉ်က (၂)ခုပဲ ရှိပါတယ်။ ဒါကတော့ ကမ်းခြေနဲ့ တောင်ပေါ်ဒေသ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ အကယ်၍ သင်က ကမ်းခြေခရီးစဉ်ကိုမှ ပြည်ပက အလှပဆုံး ကမ်းခြေတစ်ခုခုကို သွားဖို့ ကြံရွယ်နေတယ် ဆိုရင်တော့ အောက်ကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
(၂၀၂၁)ရဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အသွားသင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ကမ်းခြေ (၇)ခု ရှိပါတယ်။ ဒါတွေကတော့ …
၁။ Whitehaven Beach
အဖြူရောင်နိဗ္ဗာန်ငယ်လေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Whitehaven ကမ်းခြေဟာ ဩစတြေးလျရဲ့ Whitsunday ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ဒီကျွန်းကို Airlie ကမ်းခြေကတစ်ဆင့် လှေသမ္ဗာန်တွေ၊ ရေငုပ်ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စတာတွေနဲ့ သွားရောက်လို့ ရပါတယ်တဲ့။
ဒီကျွန်းရဲ့မြေက အင်မတန် သန့်စင်ပြီး ကမ္ဘာ့ထိပ်တန်း ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ ကျွန်းဖြစ်တာကြောင့် နာမည်ကြီးတယ်လို့ ဆိုပါတယ်။ အသန့်ရှင်းဆုံး သဘာ၀ပတ်၀န်းကျင် ရှိတာကြောင့် Queenisland ရဲ့ အလှပဆုံးနဲ့ အသန့်ရှင်းဆုံး ကမ်းခြေလို့ လူသိများပါတယ်။
၂။ Santa Maria Beach
အနောက်တိုင်းရဲ့ အကောင်းဆုံး Barbeque မြို့လေးလို့ တင်စားကြတဲ့ Santa Maria မှာ အင်မတန် သာယာလှပတဲ့ ကမ်းခြေပေါင်း များစွာရှိပါတယ်။ ဒီကမ်းခြေတွေထဲကမှ Cayo ကမ်းခြေဟာ Santa Maria ပင်လယ်အော်ရဲ့ ကမ်းစပ်တစ်လျှောက်မှာ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေပြီး ကမ္ဘာ့အသန့်ရှင်းဆုံး ပင်လယ်ရေ ဖြစ်တာကြောင့် နာမည်ကြီးတယ်လို့ ဆိုပါတယ်။
ဒီကမ်းခြေရဲ့ ဒေသခံတွေဟာ ခေတ်နဲ့အညီ တော်တော်လေး လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲ လာကြပေမယ့်လည်း ကမ်းခြေကတော့ အင်မတန် လှပပြီး တိတ်ဆိတ်၊ လုံခြုံ၊ စိတ်ချရတဲ့ ကမ်းခြေလေးတစ်ခု ဖြစ်ပါတယ်။
၃။ Baía do Sancho
ဘရာဇီးနိုင်ငံ၊ ဖာနန်ဒိုဒီနိုဟန် ကျွန်းငယ်လေးပေါ်မှာ တည်ရှိတဲ့ Baía do Sancho ကမ်းခြေဟာလည်း ကမ္ဘာပေါ်က အလှပဆုံးသော ကမ်းခြေတွေထဲက တစ်ခုအဖြစ် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲက သတ်မှတ်ထားခြင်း ခံခဲ့ရတဲ့ ကမ်းခြေလေးတစ်ခု ဖြစ်ပါတယ်။
စိမ်းပြာတဲ့ ရေပြင်ကျယ်နဲ့ လတ်ဆတ်တဲ့ လေထုကြောင့် ကမ္ဘာ့လှည်းခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများအပြား ခံရတဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးယခင်ကနေ ယခုချိန်အထိ မပျက်ဆီးသေးဘဲ သဘာဝအတိုင်း တည်ရှိနေခဲ့တာ ဖြစ်လို့ UNESCO စာရင်းဝင် သဘာဝကမ်းခြေတစ်ခု အဖြစ် လူသိများကြပါတယ်။
၄။ Grace Bay Beach
Grace Bay ကမ်းခြေကတော့ ရေထဲက အားကစား ပညာရှင်တွေအတွက် အကောင်းဆုံး နိဗ္ဗာန်ဘုံလေး တစ်ခုပါပဲ။ ဒီကမ်းခြေဟာ လှေလှော်ခြင်း၊ ရွက်လှေလွှင့်ခြင်း၊ လှေစီးခြင်းနဲ့ ရေငုပ်ခြင်းတို့အတွက် အကောင်းဆုံး ရေကစားကွင်း တစ်ခု ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ ဒီကမ်းခြေကနေ ငါးမန်းတွေ ထွက်လာတတ်တယ်လို့ ပြောကြပေမယ့် သွားရောက် လည်ပတ်ကြသူတွေကတော့ အေးအေးဆေးဆေးပါပဲလို့ ဆိုပါတယ်။
၅။ Saint Pete Beach
နာမည်ကြီး ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေ အများအပြား တည်ရှိတဲ့ Saint Pete ကမ်းခြေဟာလည်း ၂၀၂၁ခုနှစ်ရဲ့ အသွားသင့်ဆုံး ကမ်းခြေတွေထဲက တစ်ခုပါပဲ။ နာမည်ကြီး ရေပေါ် အားကစားပြိုင်ပွဲတွေ ပြုလုပ်ကြတဲ့အပြင် သာယာလှပလွန်းတာကြောင့် အနောက်တိုင်းရဲ့ မင်္ဂလာပွဲတစ်ချို့ဟာလည်း ဒီကမ်းခြေမှာ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
Saint Pete ကမ်းခြေရဲ့ သဲသောင်ပြင်ဟာ အင်မတန် နူးညံ့ပြီး ပင်လယ်ရေပြင်ဟာလည်း အင်မတန် သန့်ရှင်းတာကလည်း ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အချက်တွေပါပဲ။
၆။ Turquoise Bay
ခရစ်စတယ်လို ကြည်လင်တဲ့ ရေပြင်ကြောင့် နာမည်ကြီးတဲ့ နောက်ထပ်ကမ်းခြေတစ်ခုကတော့ Turquoise ကမ်းခြေပါပဲ။ ရေတွေ ဘယ်လောက်တောင် ကြည်လင်သလဲဆိုရင် ခပ်ဝေးဝေး အပေါ်စီးက လှမ်းကြည့်ရင်တောင် ပင်လယ်ရေအောက် တော်တော်နက်နက်အထိ မြင်ရတဲ့ ကမ်းခြေဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ပြကြီးထဲက ကမ်းခြေတွေလို စားသောက်ဆိုင်ကောင်းကောင်း၊ ဟိုတယ်ကောင်းကောင်းတွေ မရှိတာကြောင့် သဘာဝရဲ့ တစ်ကယ့်အလှအပကို ခံစားနိုင်မယ့် ကမ်းခြေတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
၇။ Eagle Beach
ဒီကမ်းခြေကတော့ ကျယ်ပြန့်တဲ့ သဲသောင်ပြင်နဲ့ ဈေးနှုန်းချိုသာတဲ့ Resort တွေကြောင့် လူသိများတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ Aruba ရဲ့ အကျယ်ပြန့်ဆုံးသော ကမ်းခြေတစ်ခုဖြစ်ပြီးတော့ ဖြူဖွေးနူးညံ့တဲ့ သဲသောင်ပြင်ကြောင့် ခရီးသွားတိုင်း သဘောကျ နှစ်သစ်တဲ့ ကမ်းခြေတစ်ခုပါ။
Eagle Beach ဟာ Instagram Trend ကို တော်တော်ပေါက်ရောက်ခဲ့တဲ့ ကမ်းခြေတစ်ခုဖြစ်ပြီးတော့ ကမ်းခြေမှာ ရှိတဲ့ သဘာဝ အလှနဲ့ ထူးဆန်းစွာ ပေါက်ရောက်နေတဲ့ သစ်ပင်ကြီးတွေကြောင့် ဓာတ်ပုံရိုက်ရင်တောင် ပန်းချီကားတစ်ချပ်သဖွယ် လှပတဲ့ကမ်းခြေဖြစ်တယ်လို့ တင်စားကြပါတယ်။