Mandalay Trend Shopping & Promo

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် အောင်တံခွန် ဈေးသစ်ကို မကြာမှီ ဖွင့်လှစ်တော့မည်

Read 814 times

မန္တလေးမြို့  ပြည်ကြီးတံခွန် မြို့နယ် အတွင်း အသစ် ဆောက်လုပ်ပြီးစီးခဲ့သော အောင်တံခွန်ဈေးကြီးကို မကြာခင် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ 

၎င်း ဈေးကြီးတွင် ဈေးသည်များ အနေဖြင့် ရောင်းချရန် အတွက် မဲစနစ်ဖြင့် အောက်တိုဘာလ (၂၀) ရက်နေ့က သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြောကြားထားသည်။ 

ယခုဖွင့်လှစ်မည့် အောင်တံခွန်ဈေးတွင် ဆိုင်ခန်းပေါင်း (၆၄) ခုနှင့် ဈေးရုံပေါင်း (၄) ရုံဖြင့် တည်ဆောက်ထားသော ဈေးကြီး တစ်ခုဖြစ်ပါသည်။ ဆိုင်ခန်းအမျိုးစားများကို အောက်ပါအတိုင်း ခွဲခြားပေးထားပြီး ဖြစ်ပါသည်။ ၎င်းတို့မှာ..
ရုံ (A) တွင် ကုန်ခြောက်ပစ္စည်းများ နှင့် အစားအသောက်၊ 
ရုံ (B) တွင် ကုန်စိမ်းပစ္စည်းများ၊ 
ရုံ (C) တွင် အထည်အလိပ်နှင့် လူသုံးကုန် ပစ္စည်းများ၊ 
ရုံ (D) တွင် အသားငါးနှင့် ကုန်စိမ်းဆိုင်များကို အသီးသီးခွဲခြားပေးထားပါသည်။ 

ရုံအလိုက် ဈေးဆိုင်များကို ခွဲခြားပေးထားပြီး စနစ်တကျ ပြင်ဆင်ထားသောကြောင့် ဆိုင်ခန်းပေါင်း (၆၄) ခန်းရှိပြီး ဈေး၏ အပြင်ဘက်တွင် ပြန်ကျဈေးသည်ပေါင်း (၂၅၀) ကျော်ရှိနေပြီ ဖြစ်ပါသည်။ ယင်းဈေးသည်များကိုလည်း နေရာတကျ စီစဉ်ပေးထားပြီး စနစ်တကျ ရောင်းချစေကြောင်း စည်ပင်သာယာရေး ကော်မတီမှ ပြောကြားထားသည်။ ၎င်းဈေးသည် (၂၅၀) ကျော်ကို စက်မှုပန်းခြံလမ်းရဲ့ ဘေးမှာ နေရာချပေးထားကြောင်းကိုလည်း သိရှိရပါသည်။ 

မန္တလေးတိုင်း အစိုးရအနေဖြင့်လည်း COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 

Ref: mandalay 
 

Bookmark