Event & Entertainment Health & Wellness Mandalay Trend

မန္တလေးတိုင်း ယာဉ်အသင်းများမှ အသင်းသားများအား သိန်း(၅၀၀) တန်ဖိုးရှိ ဆန်များလှူဒါန်းမည်

Read 776 times

မန္တလေးတိုင်းအတွင်း အောက်တိုဘာ (၁၄) မှစတင်ပြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (ယ.က.က)မှ ယာဉ်ရပ်နား စခန်း (၅) ခုရှိ ယာဉ်အသင်းများမှ ၎င်းတို့၏ အသင်းသားများကို သိန်း (၅၀၀) တန်ဖိုးရှိသော ဆန်များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 
 
ယာဉ်ရပ်နားစခန်း(၅)ခု၌ ပြေးဆွဲလျက်ရှိသည့် ယာဉ်အသင်းများမှ အသင်းသားများအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လုပ်ငန်းများ ရပ်နားထားရသည့်အတွက် စားဝတ်နေရေးများ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ 
 
ထိုကဲ့သို့ ထောက်ပံ့ရာတွင် စည်းကြပ်ခ ပုံမှန်ပေးသွင်းမှုအပေါ် မူတည်၍ ဆန်အိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၁၆)ရက်နေ့မှ စတင်ကာ ပြည်ကြီးမျက်ရှင်ယာဉ်ရပ်နားစခန်းနှင့် ဒေါနဘွား ယာဉ်ရပ်နားစခန်းမှ ယာဉ်အသင်းသားများအား စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ 

 

 

သို့ရာတွင် ကျန်ရှိသော ယာဉ်ရပ်နားစခန်း(၃)ခုမှ ယာဉ်အသင်းများကိုလည်း ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းကြေညာခဲ့ပြီး ဖြစ်ပါသည်။ အလှူရှင်များနှင့့် စည်းကျပ်ခကြေးငွေများကို စုပေါင်း၍ ငွေကျပ် သိန်းပေါင်း (၅၀၀) သုံးစွဲပြီး ဆန်အိတ်ပေါင်း (၁,၉၅၀) ကို ဝယ်ယူသိုလှောင် ထားပြီးဖြစ်ကြောင်း သိရသည်။
 
COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 
 

Ref: အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (ယ.က.က)

Bookmark