Health & Wellness Live-Style

မန္တလေး၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ရွေ့လျားစနစ်ဖြင့် လိုက်လံ ရောင်းချပေးနေပြီ

Read 470 times

မန္တလေးတိုင်း ဒေသကြီးတွင် အောက်တိုဘာ (၁၃) ရက်နေ့မှ စတင်ကာ မီးဖိုချောင်သုံး ပစ္စည်းများအား ဆန်လုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းလျှော့၍ ရပ်ကွက်များအတွင်း မိုဘိုင်းစနစ်ဖြင့်လိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။

အောက်တိုဘာလ (၁၀) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌမှ မန္တလေးတိုင်းအတွင်းရှိ ချမ်းအေးသာဇံ မြို့နယ်တွင် နိုင်ငံတော်အရန်ရိက္ခာဆန်အဖြစ် စုဆောင်းထားသော ဧည့်မထဆန်အုပ်စု ဆန်များကို အများပြည်သူများသို့ တစ်ပြည်လျှင် (၁,၀၀၀) ကျပ်နှုန်း ဖြင့်ရောင်းချ ပေးလျက်ရှိသည်။ 

နိုင်ငံတော်ရိက္ခာဆန်များကို ယခုကဲ့သို့ လျှော့စျေးနဲ့ လိုက်ရောင်းပေးနေတော့ ဝယ်ကြတဲ့သူတွေက ကုန်စိမ်းတွေကိုပါ ရောင်းချပေးစေချင်ကြကြောင့် ကုန်စိမ်းများကို ရောင်းချပေးသွားဖို့ စီစဉ်လိုက်တာ ဖြစ်ပါသည်။ အပြင်စျေးထက်လည်း သက်သာရမယ်၊ တစ်ထုပ်ယူ တစ်ထောင်နှုန်းပေါ့ အဲဒီလိုစနစ်နဲ့ ရောင်းပေးနေတာ ဖြစ်ပါသည်။ 
 
လူသုံးကုန် ပစ္စည်းများဖြစ်သည့် ကုန်စိမ်းစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ လိုက်လံရောင်းချရာတွင် ပါဝင်သောအောက်ပါအတိုင်း ဖြစ်ပါသည်။ ၎စားသောက်ကုန်များမှာ  

  • ကြက်သွန်နီ၊ 
  • ကြက်သွန်ဖြူ၊ 
  • အာလူး နှင့် 
  • အခြား ကုန်စိမ်းစားသောက်ကုန်များ အစရှိသည်. အခြေခံစားသောက်ကုန်များကို  ရောင်းချပေးနေတာ ဖြစ်ပါသည်။ 

နိုင်ငံတော်ရိက္ခာဆန် လျှော့စျေးနဲ့ လိုက်ရောင်းပေးနေတော့ ဝယ်ကြတဲ့သူတွေက အာလူးလေးရော မပါဘူးလား ကြက်သွန်နီ လေးရော မပါဘူးလားဆိုတာနဲ့ပဲ ဒါတွေပါရောင်းချပေးသွားဖို့ စီစဉ်လိုက်တာပါ၊ အပြင်စျေးထက်လည်း သက်သာရမယ်၊ တစ်ထုပ်ယူ တစ်ထောင်နှုန်းပေါ့ အဲဒီလိုစနစ်နဲ့ ရောင်းပေးနေတာပါ" ဟု မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဌေးလွင်က ပြောကြားသည်။

မီးဖိုချောင်သုံး စားသောက်ကုန်များအား တစ်အိတ် တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ရပ်ကွက်အလိုက် နိုင်ငံတော်အရေးပေါ် ရိက္ခာဆန်လိုက်လံ ရောင်းချပေးသည့် မိုဘိုင်း မော်တော်ယာဉ်နှင့် အတူ တစ်ပါတည်းယူလာပြီး ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
 

 

Bookmark