Event & Entertainment Mandalay Trend Movies

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်တွင်အွန်လိုင်းမှ ရုပ်ရှင်ဇာတ်ကားပေါင်း (၂၆၀၀) ကျော်ကိုအခမဲ့ ကြည့်နိုင်

Read 738 times

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အောက်တိုဘာ (၇) ရက်နေ့က လာမည့် (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန့်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ (၈)ရက်ကနေ (၃၁) ရက်နေ့အထိ  ကျင်းပသွားမှာ ဖြစ်ပါတယ်။
 
မြန့်မာ့ ရုပ်ရှင်ပွဲတော်ကိုတော့ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်ပြီး လာမယ့် နှစ်များမှာလည်း ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ထားပါတယ်။ ယခုနှစ်အတွက် အွန်လိုင်းရုပ်ရှင် ပွဲတော်ကို ကျင်းပရတာက

(၁) ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့ကြသည့် မြန်မာ့ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အနုပညာစွမ်းပကားကို ပြန်လည်ခံစားသိမြင်စေရန်၊ 
(၂) မြန်မာ့ရုပ်ရှင်ကို နှစ်သက်သည့် ပြည်တွင်း ပြည်ပမှ ရုပ်ရှင်ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားများ ရွေးချယ်ကြည့်ရှုနိုင်စေရန်နှင့် 
(၃) ရုပ်ရှင်ချစ်ပရိသတ်များအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ  မိမိတို့နေရာအသီးသီးတွင် လုံခြုံကျန်းမာ ဘေးကင်းစွာ ကြည့်ရှုနိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်များနဲ့ ကျင်းပရတာ ဖြစ်ပါတယ်။ 
 
အွန်လိုင်း ရုပ်ရှင်ပွဲတော်တွင် အွန်လိုင်းမှ မိမိကြိုက်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားများကို အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားပြီး ဇာတ်ကားပေါင်း (၂၆၀၀) ကျော်ပါဝင်မှာ ဖြစ်ပါတယ်။ အခမဲ့ ကြည့်ရှုနိုင်မယ့် အွန်လိုင်း ပလက်ဖောင်းတွေကနေ အောက်ပါ Promo Code တွေကို ရိုက်ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Mahar Mobile Application 
Promo Code (102020) 
အောက်တိုဘာ ၈ ရက်မှ ၃၁ ရက်အထိ 
 
Cookie Application 
Promo Code (MMFILM 100) 
အောက်တိုဘာ ၁၃ ရက်မှ ၃၁ ရက်အထိ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး   
 
Pyone  Play  Application  ကနေ
အကန့်သတ်မရှိ အခမဲ့ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များအရ   ရုပ်ရှင်ရုံကြီးများ၌ ပျော်ရွှင်ချမ်းမြေ့စွာ ပြသပေးနိုင်ခြင်းမရှိသဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်သည်။            
 

 

Bookmark