ONE Chempion ရဲ့ မစ်ဒယ်ဝိတ်တန်း နှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ (၃၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနဲ့ အတူ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပြီး ONE Championship ရဲ့ တာဝန်ရှိသူ တစ်ယောက်ဖြစ်တဲ့ Chatri Sityodtong က အောက်တိုဘာ (၃၀) ရက်မှာ Inside The Matrix အမည်နဲ့ ကျင်းပမယ့် ပြိုင်ပွဲအကြောင်းကို ကြေညာခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် COVID-19 ရောဂါအခြေအနေကြောင့် အောင်လအန်ဆန် အနေဖြင့် (၂၀၂၀) ခုနှစ်အတွက် ပထမဆုံးပွဲကို ယခုလကုန်မှာမှ ယှဉ်ပြိုင်ထိုးသတ်ရတာ ဖြစ်ပါတယ်။ အောင်လအန်ဆန် အနေနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို (၂၀၁၉) ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့တာ ဖြစ်ပြီး တစ်နှစ်ခွဲကျော်အကြာမှ ပြန်လည်ထိုးသတ်ရတာလည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲရဲ့ လေးပွဲမြောက်အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန် သည် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန် နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။
ဒီရစ်ဒါသည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရ ခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလက နောက်ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရထား သည်။
အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။
Sorce: onefc.com