Event & Entertainment Health & Wellness Live-Style

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများအား စျေးနှုန်းသက်သာစွာဖြင့် တရုတ်နိုင်ငံ ရောင်းချပေးမည်

Read 498 times

တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို သင့်တော်သော စျေးနှုန်းဖြင့်    ရောင်းချမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက စက်တင်ဘာလ (၃၀) ရက်နေ့က ပြောကြားခဲ့သည်။

http://www.mandalaydirectory.com/listing/kaung-myat-u211171.html

 

ယခုအခါ နိုင်ငံတကာမှ နိုင်ငံတော်တော်များများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများအား ထုတ်လုပ်နိုင်ရန် ကြိုးစားလျက် ရှိနေသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့်လည်း နိုင်ငံအတွင်း COVID-19 ရောဂါကူးဆက် ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ခဲ့တာ အောင်မြင်ခဲ့သောကြောင့် ၎င်းကာကွယ်ဆေးကို နိုင်ငံတကာအား ရောင်းချပေးမည်ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေနှင့်တော့ ကမ္ဘာ့နိုင်ငံတွေအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရောင်းချရာတွင် သင့်တော်တဲ့စျေးနှုန်းနှင့်သာ ရောင်းချသွားမှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ  လက်လှမ်းမီနိုင်သော ဈေးနှုန်ထားများဖြင့်သာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေနှင့် ကမ္ဘာ့လူသားတွေအတွက် ကမ္ဘာလုံးဆိုင်ရာထုတ်ကုန်အဖြစ် ဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု ဝမ်းဝန်ပင်းက ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

http://www.mandalaydirectory.com/listing/golden-spider-u226936.html

ဝမ်းဝန်းပင်၏   ကတိပြုချက်မှာ သိသာထင်ရှားပြီး ပြောသည့်အတိုင်းလည်း   လုပ်ဆောင်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် ကာကွယ်ဈေးရောင်းချရာတွင်း ဈေးနှုန်းကို မည်ကဲ့သို့ သတ်မှတ်မည် ဖြစ်ကြောင်း  အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

နိုင်ငံတကာမှ သတင်းမီဒီယာများသည် တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထက်  စျေးနှုန်းကြီးမြင့်နိုင်ချေမြင့်မားသည်ဟု ပြောကြားနေကြမှုအပေါ် ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်ပ်သည်။  

Ref: http://www.xinhuanet.com/english/2020-09/30/c_139410105.htm 

http://www.mandalaydirectory.com/listing/chit-san-eain-u215523.html

 

Bookmark