By Thant
လေကြောင်းပို့ဆောင်မှုဦးစီးဌာနမှ ဦးဆောင်၍ ပုဂံညောင်ဦး နိုင်ငံတကာလေဆိပ်အား ယခုထက်ပိုပြီး အဆင်မြှင့်ရန် ပြုလုပ်နေခြင်း ဖြစ်ပြီး International Civil Aviation Organization (ICAO) ရဲ့ စံနှုန်းထားအတိုင်း ဆောက်လုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အထူးသဖြင့် Code-C လေယာဉ်အမျိုးအစား (B707/ A320 Series) များ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ရန်နှင့် လေဟုန်သို့ ထွက်ခွာနိုင်ရေးကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကာ လေကြောင်းပို့ဆောင်မှုဦးစီးဌာနမှ လေယာဉ်အဆင်းအတက် လမ်းကြောင်းသစ်များ တည်ဆောက်မှုကို တာဝန်ယူမည် ဖြစ်သည်။
ယခုလုပ်ဆောင်မည့် စီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၉ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြပြီး အချိန်အားဖြင့် ယခု ၂၀၂၀-၂၁ ခုနှစ်အတွင်း စတင်၍ ၂၀၄၉-၅၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်ရန် စီစဉ်နေကြသည်။
အစိုးရထံမှ ခွင့်ပြုချက်ရသည်နှင့် Bagan Nyaung-U International Airport (BIA) ကို စတင် အကောင်ထည်ဖော် ဆောက်လုပ်တော့မည် ဖြစ်ကာ ခွင့်ပြုမိန့်သည် BIA ကို မည်ကဲ့သို့ ခေတ်မှီသော ပုံစံဆောက်မည်နှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ပဲ မည်ကဲ့သို့ ဆောက်လုပ်မည်ဟူသော အချက်များပေါ် မူတည်နေသည်။
ယခုပြုလုပ်မည့် စီမံကိန်းသည် ၂၀၁၉ ခုနှစ် ဇူလိုင်လက UNESCO မှ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်အဖြစ် သတ်မှတ်လိုက်သော ပုဂံမြို့အတွက် ပိုမို ကောင်းမွန်လာရန် ရည်ရွယ်ထားပြီး ကမ္ဘာလှည့်ခရီးသွားများ ပိုမို ဝင်ရောက်ခြင်းဖြင့် ပုဂံ၏ စီးပွားရေးသာမက နိုင်ငံရဲ့ စီးပွားရေးကိုပါ အထောက်အကူ ပြုနိုင်ရန် ရည်ရွယ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။