Health & Wellness

အသားအရေလှပစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin E

Read 438 times
 Vitamin E က အရေပြားအတွင်းမှာရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို လျှော့ချပေးတဲ့ antioxidant တစ်ခုဖြစ်ပါတယ်။ Vitamin E ကိုလိမ်းထားတဲ့ အရေပြားက ပုံမှန်အသားရေ ခမ်းခြောက်ပျက်စီးခြင်းတွေမှ အကာအကွယ်ပေးနိုင်ပါတယ်။ Vitamin E Complex-Where Can I Find It? | Price-Pottenger နောက်ပြီး အသားအရေနဲ့ ပတ်သက်ပြီး လူတွေမသိသေးတဲ့ Vitamin E ရဲ့ အကျိုးကျေးဇူးတွေကတော့ - (၁) အရေးအကြောင်းများကို ကင်းစင်စေခြင်း Vitamin E က မျက်နှာပေါ်က အရေးအကြောင်းတွေ၊ သက်ကြီး အစက်အပြောက်တွေနဲ့ သက်ကြီးအသွင်အပြင်တွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Vitamin E က အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေလို့ အရေးအကြောင်းတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းကို ကုသနိုင်ခြင်း နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာအတွက် Vitamin E နဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။ Vitamin E က နှုတ်ခမ်းသားအစိုဓာတ်ကို ထိန်းပေးပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ နှုတ်ခမ်းသားမည်းတာအတွက် ကုသနိုင်ပြီး သဘာဝအသွေးအရောင်နှင့် လှပစေပါတယ်။ (၃) လက်သည်း ခြေသည်းတွေကို သန်မာစေခြင်း Vitamin E က အစိုဓာတ်ထိန်းပေးပြီး လက်သည်း၊ ခြေသည်း ကျိုးပဲ့တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၄) ဆံပင်သန်စွမ်းစေခြင်း Vitamin E မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ဆံချည်မျှင်အိတ်တွေ ပျက်စီးနေတာကို ပြန်လည်ပြု ပြင်ပေးပါတယ်။ Vitamin E က ဆံသားအရင်းကနေ အဖျားအထိ ကျန်းမာစေပြီး တောက်ပြောင်လှပစေပါတယ်။ (၅) လက်ဖဝါးခြောက်သွေ့မှု ကြမ်းတမ်းမှုမှ ကင်းဝေးစေခြင်း Vitamin E က ခြောက်သွေ့ကြမ်းတမ်းတဲ့ လက်ဖဝါးအတွက် အစိုဓာတ်ဖြည့်ပေးလို့ နူးညံ့ပျော့ပျောင်းစေပါတယ်။ အရေပြားအစိုဓာတ် ပိုမိုကြာရှည်စွာ ထိန်းထားနိုင်ပါတယ်။ 27 Foods High In Vitamin E For Skin And Hair (၆) အမာရွက်ကင်းစေခြင်း Vitamin E က အရုပ်ဆိုးစေတဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။ Vitamin E ရဲ့ အင်တီအောက်ဆီးဒင့်က အရေပြားရဲ့ အစိုဓာတ်ထိန်းပေးပြီး ပျက်စီးသွားတဲ့ အရေပြားကို ကုစားပေးတဲ့အပြင် နောက်ထပ် အမာရွတ်တွေ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ (၇) ဆံသားနှစ်ခွဖြစ်ခြင်းမှကာကွယ်နိုင်ခြင်း ဆံပင်ဆေးဆိုးတာ၊ ဖြောင့်တာ၊ တောက်တာတွေ အလုပ်များတဲ့အခါ ဆံသားခြောက်သွေ့တာ၊ ကြမ်းတမ်းတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ ကြုံတွေ့နိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ Vitamin E ကို သံလွင်ဆီ၊ အုန်းဆီတို့နှင့် ဆတူရောပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံသားပေါ်လိမ်းပေးပါ။ ခေါင်းမလျှော်ခင် နှစ်နာရီလောက် ကြိုလိမ်းပေးပါ။ တစ်ပတ်ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။ VITAMIN E HEALTH BENEFITS DEFICIENCY AND RICH FOODS | Brain nutrition, Vitamins for energy, How to eat better (၈) အကြောပြတ်ရာများ ကင်းဝေးစေခြင်း ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်အလေးချိန် ရုတ်တရက်တက်လာတာ ဒါမှမဟုတ် ရုတ်တရက် ကျသွားတာတွေကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို Vitamin E လိမ်းပေးနိုင်ပါတယ်။ Vitamin E ရဲ့ အင်တီအောက်ဆီးဒင့်အာနိသင်က အရေပြားတင်းရင်းမှုကို ဖြစ်စေတဲ့ ကော်လာဂျင်တွေ မပျက်စီးအောင် ကာကွယ်ပေးတာကြောင့် အရေပြားရဲ့ကျုံ့ဆန်နိုင်စွမ်းနဲ့ အကြောပြတ်ရာ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။ Vitamin E Foods - Foods High in Vitamin E (၉) အရေပြားရောင်ရမ်းခြင်းကို ကုသနိုင်ခြင်း အရေပြားရောင်ရမ်းတာကြောင့် ယားယံတာ၊ နီရဲတာ၊ ပူစပ်ပူလောင် ခံစားရတာတွေကို Vitamin E နဲ့ ကုသနိုင်ပါတယ်။ Vitamin E ရဲ့ အင်တီအောက်ဆီးဒင့် အာနိသင်ကရောင်ရမ်းမှုကို သက်သာစေပြီး ပျက်စီးနေတဲ့ အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။ (၁၀) အရေပြားအရောင် ပြောင်းလဲခြင်း ကုသနိုင်ခြင်း Vitamin E က အင်တီအောက်ဆီးဒင့်ဖြစ်လို့ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာကြောင့်ဖြစ်တဲ့ အရေပြား အရောင်ပြောင်းလဲတာကိုပြန်လည်ကောင်းမွန်စေပါတယ်။
Bookmark