ဒီဇာတ်လမ်းလေးဟာ မထွက်ခင်မှာတည်းက တော်တော်လေး Hot ဖြစ်နေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူကြိုက်များပြီး K မင်းသားလို့ လူသိများကြတဲ့ Lee Jun Ki နဲ့အတူ မင်းသမီး Moon Chae Mon ကအဓိကပါဝင်ထားပါတယ်။
ဒါ့အပြင် နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Kim Cheol-Kyu ရဲ့ အကောင်းဆုံးရိုက်ကူးချက်တွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အပိုင်း (၁၆) ပိုင်းပါဝင်ပါတယ်။ ဇူလိုင်လ (၂၉) ရက်နေ့က စတင်ပြီး TVN ကစတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာ (၂၃) ရက်နေ့က နောက်ဆုံးပိုင်းကို ထုတ်လွှင့်ပြီးခဲ့တာ ဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံလေးအနေနဲ့ အဓိကမင်းသားဟာ ဇနီးသည် အပေါ်နူးညံ့လွန်းပြီး မိသားစုကို အရမ်းကို ချစ်ခင်တတ်တဲ့ အားကိုးရတဲ့ လင်ယောကျာ်းကောင်း တစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် အဖြစ် (၁၄) နှစ်ကျော် ကြာအောင် နေထိုင်ခဲ့ရာမှ လူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာကို သိခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုနူးညံ့တတ်တဲ့ ယောကျာ်းဖြစ်သူမှာ လူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာကို ဇနီးဖြစ်သူက သိသွားတဲ့အခါ.. ဇနီးကိုယ်တိုင်က စုံထောက်ဖြစ်နေတော့.. သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံကြား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။
မင်းသမီး Moon Chae Mon ကတော့ အချစ်ဆိုတာကို ဟန်ဆောင်ချစ်ပြနေခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့ အချစ်တစ်ခုကြောင့်နဲ့ အမှန်တရားဆိုတာကြီးကို မသိချင်ယောင်ဆောင် လိုက်မလား ဒါမှမဟုတ် သူဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်စားတွေ တွေ့ရှိရမှာ ဖြစ်ပါတယ်။