Event & Entertainment Mandalay Trend Movies

စာရေးဆရာမရဲ့ ဖြစ်ရပ်မှန်တွေနဲ့ ရေးသားထားတဲ့ တစ်ချိန်က Harry Potter ဇာတ်လမ်းများ

Read 2139 times

Harry Potter စာအုပ်ကို ဖန်တီးသူ တစ်ယောက်ဖြစ်တဲ့ ဆရာမ J.K Rowling ဟာ Harry Potter Series တွေကို မှော်စာအုပ်တစ်ခု အနေနဲ့ ရည်ရွယ်ပြီး ထုတ်ခဲ့တာ မဟုတ်ပါဘူး။ J.K က ချစ်ခြင်းတရား Drama ဖြစ်ရပ်များနဲ့ ဒီစာအုပ်ကို ဖန်တီးတည်ဆောက်ခဲ့တာပါ။ 

အဲ့ဒါကြောင့် Harry Potter ဇာတ်လမ်းလေးဟာ တခြားဇာတ်ကားတွေနဲ့ မတူပဲ ထူးချွန်ပြောင်မြောက် နေတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကြိုက်နှစ်သက်ကြတဲ့ သူတွေက စာရေးဆရာမရဲ့ ပြောင်မြောက်လှတဲ့ စကားလုံးများစွာကလည်း အဓိပ္ပါယ် ပြည့်ဆုံးလွန်းတာကို တွေ့ရမှာပါ။ 

http://www.mandalaydirectory.com/listing/999-than-nyunt-u196804.html

J.K Rowling ရဲ့ စာအုပ်ကို ပြန်လည် ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲဟာဆိုရင် အခုချိန်ထိ လူကြိုက်များအား ပေးနေဆဲင်ပါ။ ဇာတ်လမ်းတွဲတွေထဲက တစ်ခုအပါအဝ Harry Potter ရဲ့ ပထမဆုံး ဇာတ်လမ်းလေးက (၂၀၀၀) ခုနှစ်မှာ စတင် ထွက်ရှိခဲ့တာ ဖြစ်ပေမယ့် ပထမဆုံးစာအုပ်ကတော့ (၁၉၉၉) ခုနှစ်က စတင်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ 

(၂၀၀၈) ခုနှစ်မှာ Harry Potter စာအုပ်အရေအတွက် သန်းပေါင်း (၄၀၀) ကျော်အထိ ရောင်းချခဲ့ရပြီး ဘာသာစကားပေါင်း (၆၇) မျိုး အထိ ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ ဇူလိုင်လ (၂၀၀၇) ခုနှစ်မှာ Deathly Hallows ဝတ္ထုကို ထုတ်ဝေခဲ့ပြီး ပထမဦးဆုံး စတင်ရောင်းချတဲ့ နေ့မှာတင် စာအုပ်ရေ (၁၁) သန်း အထိကို ‌ရောင်းအားကောင်းခဲ့တာပါ။  ဒါ့အပြင် J.K Rowling ဟာ စာအုပ်ရေးပြီး Billionaire ဖြစ်လာတဲ့ ပထမဦးဆုံးသော စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ 

http://www.mandalaydirectory.com/listing/bama-khit-u205104.html

ဆရာမက သူမရဲ့ တကယ့် ဘဝနဲ့ ဆက်နွယ်ပြီး Harry Potter ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ အမေသေဆုံးမှုက သူမစာရေးတဲ့အပေါ်မှာ လွှမ်းမိုးသက်ရောက်မှု အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း Harry Potter ဇာတ်လမ်းထဲမှာ သေဆုံးခြင်းတွေ များနေတာပါ။ ဒါကြောင့် ဒီဇာတ်လမ်းဟာ စာရေးသူ J.K Rowling အတွက် ကိုယ်ပိုင်ခံစားချက်များ ချပြရာ နေရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ 

စာအုပ်မှာ ပါဝင်တဲ့ အသေးစိတ် အကြောင်းအရာတွေ ဖြစ်တဲ့ Famtastic Beast၊ မှော်ဆန်တဲ့ အပင်တွေ၊ မှော်ပညာ သင်ကြားနိုင်တဲ့ စာအုပ်တွေနဲ့ ကစားနည်းတွေကအစ သူမကိုယ်တိုင် ပြင်ပလောကမှာရှိနေတဲ့ မြောက်မြားစွာသော စာအုပ်စာပေတွေရှိရာ နေရာတွေမှာ လေ့လာပြီးမှ ပြန်လည်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အသုံးပြုခဲ့တဲ့ မန္တန်အများစုက လက်တင်ဘာသာစကားတွေဖြစ်ပြီး အချို့သော နိုင်ငံတကာမှ မှော်ပညာလေ့လာသူများက ဒီမန္တန်များဟာ လက်တွေ့ဘဝမှာ အမှန်တကယ်  အသုံးချနိုင်တဲ့ မန္တန်တွေ ဖြစ်တယ်လို့လည်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါသေးတယ်။ 

စာရေးသူကတော့ Harry Potter စာအုပ်တွေကနေ မှတ်သားစရာ အတွေးအခေါ် တစ်ခုအနေနဲ့ မှတ်သားမိလိုက်တာကတော့ "It matters not what someone is born, but what they grow to be."  (တစ်စုံတယောက်မွေးဖွားလာတယ်ဆိုတာ အရေးမကြီးပါဘူး သူဘယ်လို အရွယ်ရောက်လာမလဲဆိုတာသာ အရေးကြီးပါတယ်) ဆိုတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ 

http://www.mandalaydirectory.com/listing/thurain-u138983-112551.html

 

Bookmark