COVID-19 Updated

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၅၀,၀၀၀) ဦးနီးပါးရှိလာနေ

Read 404 times

မြန်မာနိုင်ငံမှာမေလ (၂၇)ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားသူတွေ ပြန်လည်မြင့်တက်လာပါတယ်။မေလ (၂၇)ရက်နေ့ကနေ (၂၉)ရက်ညပိုင်းအထိ လူနာဦးရေ(၂၀၀)ကျော်တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှုများပြားခဲ့တဲ့ချင်းပြည်နယ်တွန်းဇန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း တစ်မူးမြို့နယ်တို့ကို မေလ(၂၉)ရက်နေ့နံနက်ပိုင်းကစပြီး Stay At Home ဒေသတွေအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းထားပါတယ်။

ဒီရက်တွေမတိုင်ခင်က ကူးစက်သူဦးရေဟာ ဆယ်ဂဏန်းခန့်သာရှိပေမယ့် မေလ(၂၉)ရက်နေ့မှာတော့ (၉၆)ယောက်အထိ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် (၂၇) ကနေ(၂၉) ရက်အထိ လူနာဦးရေ(၂၀၀) ကျော်အထိဖြစ်လာခဲ့တာပါ။ဒီကူးစက်သူတွေဟာ ပြည်တွင်းနေသူတွေသာဖြစ်ပြီး ပြည်ပကနေ ပြန်လာတဲ့သူတွေ မဟုတ်ဘူးလို့လည်းဆိုပါတယ်။

ယခုလက်ရှိဖြစ်ပွားနေတဲ့ဒေသတွေကို ဆေးပစ္စည်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေ စေလွတ်မယ့်အပြင်ကူးစက်မှုမြင့်တက်နေတဲ့ အိန္ဒိယနိုင်နံနဲ့ နယ်စပ်ဒေသကို ကန့်သတ်ဖို့ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ 

တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းအများစုဟာ အလုပ်မဆင်းတာကြောင့် လစ်ဟာမှုအများအပြား ရှိနေတာပါ။ဒါပေမယ့် ဒီလိုအခြေအနေကိုထိန်းချုပ်နိုင်ပြီး ဒုတိယလိုင်း လိုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့တာပါ။ဒါပေမယ့် သတင်းထိန်ချန်မှုတွေ ရှိနိုင်တာကြောင့် ပြည်သူတွေဆီကို ကိုဗစ်သတင်းတွေ အတိအကျမရနိုင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။

ဒါ့အပြင်ပြည်သူအများစုဟာ နှာခေါင်းစည်းတပ်တာတွေ၊ကိုဗစ်စည်းမျဥ်းတွေအများစုကို မလိုက်နာတော့တာကြောင့် ကိုဗစ်ဒုတိယလှိုင်းလိုမျိုး ပြန်ဖြစ်လာမှာကို ကျန်းမာရေးဝန်ထမ်းအများစုကစိုးရိမ်နေကြပါတယ်။Outbreak ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒုတိယလှိုင်းထက် ပိုဆိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။ကျန်းမာရေးဝန်ကြီဌာနရဲ့ မေလ(၃၀)ရက်နေ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတွေ့ရှိသူ (၁၄၃,၆၂၉)ဦးရှိနေပြီး ဆေးရုံကဆင်းခွင့်ရသူ (၁၃၂,၃၁၉)ဦးရှိပါတယ်။ 

Bookmark