COVID-19 Updated

ညမထွက်ရအမိန့် အပါအ၀င် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်အားလုံး ဆက်လက် အသက်ဝင်နေ

Read 567 times

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ၌ COVID-19  ပိုးတွေ့လူနာ စတင် တွေ့ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလမှစ၍ အမိန့်ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကာ လက်ရှိတွင် မည်သည့်နေ့အထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်များတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်များဖြစ်သော... 

  • မြို့နယ်အားလုံး Stay at Home နေထိုင်ကြရန်၊ 
  • ည (၁၂) နာရီမှ မနက် (၄) အထိ ညမထွက်ကြရန်၊
  • လူ (၃၀) ဦးနှင့်အထက် လူစုလူဝေး မပြုလုပ်ရန်၊  
  • ပြည်ပသို့ ခရီးသွားလာမှုများ မပြုရန် စသည့် ကန့်သတ်ချက်အားလုံးသည် ယခုချိန်ထိ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။

ပြည်ပနိုင်ငံ အသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ (သို့မဟုတ်) အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာရမည် ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုဝင်ဘာ (၁၀) ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

ယခုအချိန်သည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ် ကြီးမားနေသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပေသည်။

အဆိုပါ အမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်အမှတ် ၁၄၇/၂၀၂၀ ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Bookmark