Business Health & Wellness

ဒုတိယအကြိမ် COVID-19 ချေးငွေ ပထမအသုတ်အတွက် ငွေကျပ်ဘီလီယံ (၂၀) ကျော် ထုတ်ပေးမည်

Read 419 times

COVID-19 ရောဂါ ကူးဆက်မှုကြောင့် ထိခိုက်နစ်နာမှုများ ရှိနေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အတွက် ဒုတိယအကြိမ်အဖြစ် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေ ထုတ်ပေးရန် (၂၀၂၀) ခုနှစ် ဩဂုတ်လ ကတည်းက စီစဉ်နေခဲ့ခြင်း ဖြစ်ပါသည်။

http://www.mandalaydirectory.com/listing/min-nyo-gyi-u188924.html

ယင်းကဲ့သို့ ချေးခဲ့ရာတွင် ချေးငွေပထမအသုတ်အဖြစ် လုပ်ငန်း (၁,၀၄၁) ခုအား COVID-19 ရောဂါ Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အနေဖြင့် ချေးငွေ ထုတ်ယူခွင့်ရရှိသူများအား နိုင်ငံတော်၏ ခွင့်ပြု အမိန့်စာရရှိ လာတာနှင့် ငွေကြေးထုတ်ပေးနိုင်ရေးနှင့် ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ချေးငွေ ထုတ်ပေးနိုင်ရေးအတွက် အောက်ပါ အကြောင်းအရာများကို ပြင်ဆင်ထားကြောင်း သိရသည်။ 

http://www.mandalaydirectory.com/listing/aung-myanmar-u202528.html

၎င်းတို့မှာ ...

ချိတ်ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊  

အဆိုပါလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက် ရမည့်နေ့ရက်ကို UMFCCI မှအသိပေးကြေညာမည်ဖြစ်ကြောင်း၊ 

သက်ဆိုင်ရာကုမ္ပဏီများသို့လည်း ဆက်သွယ် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် Stay at Home ကာလ   လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုတစ်စုံတစ်ရာရှိခဲ့ပါက နားလည်မှု ပေးရန် ကုန်သည်စက်မှုအသင်းချုပ်က မေတ္တာရပ်ခံ ထားသည်။

ဒုတိယအကြိမ် ကိုဗစ်ချေးငွေ ပထမအသုတ် အတွက် ငွေကျပ် (၂၀) သန်းခန့် ထုတ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် လျှောက်လွှာများကို  ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

Ref: UMFCCI 

http://www.mandalaydirectory.com/listing/aung-soe-moe-u208785.html

Bookmark