Ads Ads Ads
Read More>>>အဝေးသင်ကျောင်းသားတွေအတွက် နိုင်ငံတကာပညာသင်အခွင့်အလမ်းများ ရရှိနိုင်မယ့်ပွဲ
My Mandalay
Zawgyi 
အင်တာဗျူး တစ်ခုလုပ်ပြီးသွားတဲ့အခါ ရာထူးတစ်နေရာအတွက် (၅)ယောက်ဗျူးတယ်ဆိုရင် (၄)ယောက်တော့ ပယ်ခံရလေ့ရှိပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ကုမ္ပဏီတွေအနေနဲ့ လိုအပ်တဲ့ရာထူးနေရာအတွက် ရွေးချယ်လို့ရအောင် အင်တာဗျူးခေါ်တဲ့အခါ အရေအတွက်ပိုခေါ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် အလုပ်ရှာနေတဲ့သူတွေအများကြီးထဲကမှ
- အင်တာဗျူးမှာကိုယ့်ကိုရွေးချယ်ခန့်အပ်ခံရဖို့ ဘာတွေပြင်ဆင်ကြမလဲ…?
- -အင်တာဗျူးမှာလုပ်လေ့ရှိတဲ့အမှားတွေက ဘာတွေဖြစ်မလဲ
- အလုပ်ရှာရာမှာ ဖြစ်လေ့ရှိတဲ့အခက်အခဲတွေက ဘာတွေလဲ
- အလုပ်ရှာရတာကြာနေတဲ့သူတွေအတွက် ဆွေးနွေးအဖြေရှာလို့ရမယ့် workshop လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အလုပ်ရှာနေတဲ့သူတွေထဲမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိပဲ အလုပ်ရှာရတာကြာနေတာတွေကို Job Error 404 လို့ပြောပါမယ်။ ဒီနေရာမှာ Error 404 ဆိုတာ ဘာလဲဆိုရင် အင်တာနက်မှာ ရှာဖွေမှု့တစ်စုံတစ်ရာပြုလုပ်ရင်း ကိုယ်ရှာတဲ့အကြောင်းအရာနဲ့ နဂိုတင်ခဲ့သူကဖျက်သွားတာမျိုး (ဒါမှမဟုတ်)မူရင်း ဆာဗာမှာမရှိတော့တဲ့ အခါမျိုးတွေမှာ ဘာမှန်းမသိပဲ ဖြစ်သွားလေ့ရှိတဲ့ Errorပါ။ (Jobကတော့ လူတိုင်းသိပါတယ်) ဒီ Error ကို အတူတူဖြေရှင်း ဒီ workshop လေးကို လုံးဝလက်လွတ်မခံလိုက်ပါနဲ့နော်။
ဒီပွဲဟာ အလုပ်ရှာဖွေနေသူတွေအတွက် ကြုံနေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်တဲ့အပြင် ပွဲတက်ရောက်သူတွေအချင်းချင်းလည်း ဆွေးနွေးနိုင်ပြီး အခွင့်အလမ်းတွေ များလာဖို့အတွက် ရည်ရွယ်ပါတယ်။ ဟောပြောဆွေးနွေးပေးသွားမယ့် ဆရာကြီးကတော့ Royal Way ရဲ့ Founder ဖြစ်တဲ့ ဦးအောင်ခန့် မှ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာတွေပါရှိဦးမှာဆိုတော့ မိမိကြိုက်တဲ့ကုမ္ပဏီကိုတစ်ခါထည်း လျှောက်ထားလို့ရပါတယ်။ ဒီပွဲကို လာမယ့် ၁၅ ရက်နေ့၊ နံနက် ၉နာရီ မှ နေ့လည် ၁၁ နာရီထိ နံပါတ် C2, ရတနာတိုင်းပြည်အိမ်ယာ၊ လမ်း၆၀၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ ဖ ဖုန်းနံပါတ် 09954501320(Viber), 09694501320
နဲ့ [email protected] တို့ကို ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါတယ်။ လူဦးရေ (၄၀)ထိပဲ လက်ခံမှာ ဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့လို်ပါတယ်။ အသေးစိတ်ကို ဖော်ပြပါလင့်ခ်တွင်လည်း https://bit.ly/38O2sAV ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
My Mandalay
Things to do in Mandalay Read 261 times