ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော Toxoplasmosis ရောဂါကို ဘယ်လိုကာကွယ်မလဲ

Ads Ads Ads
 
 
By-WMMH (Mizzy)
Toxoplasma gondii ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တဲ့ Toxoplasmosis ရောဂါဟာ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနဲ့ ခုခံအားကျဆင်းနေသူများကို ကူးစက်မိပါက ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာ ခံစားရစေနိုင်ပါတယ်။
ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ - 

  • ကြောင်၏မစင် (သို့မဟုတ်) မစင်ပါဝင်သော မြေကြီးအား ကိုင်တွယ်ထားသောလက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသောလက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊
  • ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများစားခြင်း၊
  • ကပ်ပါးပိုးပါဝင်သည့် မသန့်ရှင်းသည့်ရေအား သောက်သုံးခြင်း၊
  • ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊
  • ကိုယ်အင်္ဂါအစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်း
စသဖြင့် ကူးစက်စေနိုင်ပါတယ်။
‌ရောဂါကူးစက်ခံရသူတိုင်း ရောဂါလက္ခဏာ ပြလေ့မရှိပေမယ့် တစ်ချို့မှာ
  • ဖျားခြင်း၊
  • ကြွက်သား နာကျင်ခြင်း၊
  • ပြန်ရည်ကျိတ်များကြီး၍ အောင့်ခြင်း၊ 
  • အမြင်ဝေဝါးခြင်း၊
  • အလင်းအား ကြည့်မိပါက မျက်လုံးနာကျင်ခြင်း၊
  • မျက်စိကွယ်ခြင်း၊
  • မျက်စိနီရဲခြင်း
စသည်တို့ကို ခံစားရတတ်ပါတယ်။
ရောဂါ ပြင်းထန်စွာ ခံစားရရင် ဦးနှောက်၊ မျက်လုံးနှင့် ကိုယ်တွင်းအင်္ဂါများကိုလည်း ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်နော်။ 
ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ...
  • အိမ်မွေးကြောင်များ၏ မစင်များကို စနစ်တကျ ဆေးကြောခြင်း သို့မဟုတ် စွန့်ပစ်ခြင်း၊
  • ကြောင်မစင်များ၊ မြေကြီးများနှင့် အသားစိမ်းငါးစိမ်းများအား ကိုင်တွယ်မိပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့် (၂၀)ခန့် သေချာစွာ စနစ်တကျ ဆေးကြောခြင်း၊ 
  • အသားငါးများကို ကျက်အောင် ချက်၍ စားသုံးခြင်း၊
  • ရေကို ကျိုချက်၍ သောက်ခြင်း၊
  • အစားအသောက်များအား သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်း
စသဖြင့် ကာကွယ်နိုင်ပါတယ်။
အိမ်မွေးကြောင်များနှင့် ထိတွေ့လေ့ရှိသူများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျဆင်း နေသူများအနေဖြင့် ဖော်ပြပါ ရောဂါလက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြီး  ကုသမှု ခံယူသင့်ပါတယ်နော်။
==================================

By-WMMH (Mizzy)
Toxoplasma gondii ကပ္ပါးပိုးတစ္မ်ိဳးေၾကာင့္ ျဖစ္တဲ့ Toxoplasmosis ေရာဂါဟာ တိရစာၦန္မွ လူသို႔ ကူးစက္ႏိုင္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ၿပီး ကိုယ္ဝန္ေဆာင္မိခင္မ်ားနဲ႔ ခုခံအားက်ဆင္းေနသူမ်ားကို ကူးစက္မိပါက ျပင္းထန္ေသာ ေနာက္ဆက္တြဲ က်န္းမာေရး ဆိုးက်ိဳးမ်ားစြာ ခံစားရေစႏိုင္ပါတယ္။
ေရာဂါကူးစက္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့ -
ေၾကာင္၏မစင္ (သို႔မဟုတ္) မစင္ပါဝင္ေသာ ေျမႀကီးအား ကိုင္တြယ္ထားေသာလက္၊ အသားစိမ္းမ်ားကို ကိုင္တြယ္ထားေသာလက္တို႔ျဖင့္ အစားအေသာက္မ်ားကို လက္မေဆးဘဲ ကိုင္တြယ္စားသုံးမိျခင္း၊
က်က္ေအာင္မခ်က္ထားေသာ အသားမ်ားႏွင့္ ပင္လယ္စာမ်ားစားျခင္း၊
ကပ္ပါးပိုးပါဝင္သည့္ မသန႔္ရွင္းသည့္ေရအား ေသာက္သုံးျခင္း၊
ကိုယ္ဝန္ေဆာင္မ်ားတြင္ မိခင္မွ သေႏၶသားသို႔ ကူးစက္ျခင္း၊
ကိုယ္အဂၤါအစားထိုးျခင္းႏွင့္ ေသြးသြင္းျခင္းမွတစ္ဆင့္ ကူးစက္ျခင္း
စသျဖင့္ ကူးစက္ေစႏိုင္ပါတယ္။
‌ေရာဂါကူးစက္ခံရသူတိုင္း ေရာဂါလကၡဏာ ျပေလ့မရွိေပမယ့္ တစ္ခ်ိဳ႕မွာ
ဖ်ားျခင္း၊
ႂကြက္သား နာက်င္ျခင္း၊
ျပန္ရည္က်ိတ္မ်ားႀကီး၍ ေအာင့္ျခင္း၊
အျမင္ေဝဝါးျခင္း၊
အလင္းအား ၾကည့္မိပါက မ်က္လုံးနာက်င္ျခင္း၊
မ်က္စိကြယ္ျခင္း၊
မ်က္စိနီရဲျခင္း
စသည္တို႔ကို ခံစားရတတ္ပါတယ္။
ေရာဂါ ျပင္းထန္စြာ ခံစားရရင္ ဦးေႏွာက္၊ မ်က္လုံးႏွင့္ ကိုယ္တြင္းအဂၤါမ်ားကိုလည္း ဆိုး႐ြားစြာ ပ်က္စီးေစႏိုင္ပါတယ္ေနာ္။
ဒီေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့ ...
အိမ္ေမြးေၾကာင္မ်ား၏ မစင္မ်ားကို စနစ္တက် ေဆးေၾကာျခင္း သို႔မဟုတ္ စြန႔္ပစ္ျခင္း၊
ေၾကာင္မစင္မ်ား၊ ေျမႀကီးမ်ားႏွင့္ အသားစိမ္းငါးစိမ္းမ်ားအား ကိုင္တြယ္မိၿပီးတိုင္း လက္ကို ဆပ္ျပာႏွင့္ေရ အသုံးျပဳၿပီး အနည္းဆုံး စကၠန႔္ (၂၀)ခန႔္ ေသခ်ာစြာ စနစ္တက် ေဆးေၾကာျခင္း၊
အသားငါးမ်ားကို က်က္ေအာင္ ခ်က္၍ စားသုံးျခင္း၊
ေရကို က်ိဳခ်က္၍ ေသာက္ျခင္း၊
အစားအေသာက္မ်ားအား သန႔္ရွင္းစြာ ျပင္ဆင္ခ်က္ျပဳတ္ျခင္း
စသျဖင့္ ကာကြယ္ႏိုင္ပါတယ္။
အိမ္ေမြးေၾကာင္မ်ားႏွင့္ ထိေတြ႕ေလ့ရွိသူမ်ား၊ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ခုခံအားက်ဆင္း ေနသူမ်ားအေနျဖင့္ ေဖာ္ျပပါ ေရာဂါလကၡဏာမ်ား တစ္စုံတစ္ရာ ေပၚေပါက္လာပါက နီးစပ္ရာ က်န္းမာေရးဌာနကို အျမန္ဆုံးသြားေရာက္ၿပီး ကုသမႈ ခံယူသင့္ပါတယ္ေနာ္။

Health & Beauty Read 114 times