ဆိုင်ခန်းပေါင်း ၅၀ ကျော်နဲ့ ထုတ်ကုန်အမျိုးမျိုးပြသသွားမယ့် သနပ်ခါးပွဲတော်

Ads Ads Ads


Read More>>>မတ်လရဲ့ ပထမဦးဆုံးအပတ်မှာ ကျင်းပပြုလုပ်သွားမယ့် မန္တလေးမြို့က ပွဲတော်များ


My Mandalay

 

Zawgyi

မြန်မာနိုင်ငံသနပ်ခါးအသင်းမှကျင်းပမယ့် တတိယအကြိမ်မြောက် မြန်မာ့သနပ်ခါး ပွဲတော်ကို ပုဂံခေတ် ရိုးရာယဉ်ကျေးမှု အခင်းအကျင်း အပြင်အဆင်များနဲ့ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားမှာ ထပ်မံကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ဒီပွဲကို သနပ်ခါးဈေးကွက် ပိုမိုကျယ်ပြန့်လာအောင် ရည်ရွယ်ပြီးကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။

သနပ်ခါးပွဲတော်ကို မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမှာဖြစ်ပြီး သနပ်ခါးနဲ့ သနပ်ခါးထုတ်ကုန် ပစ္စည်းအမျိုးမျိုး ရောင်းချမယ့် ဆိုင်ခန်းပေါင်း ၅၀ ကျော်နဲ့အတူ သနပ်ခါးအလှမယ်ပြိုင်ပွဲ၊ သနပ်ခါးလိမ်းချယ်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများအပြင် ဧည့်ခံဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခါတိုင်းကျင်းပနေကျပွဲတွေနဲ့ မတူပဲ ထူးခြားနေအောင် မုခ်ဦးအဝင်မှာကတည်းက ပုဂံခေတ်ယဉ်ကျေးမှု ရိုးရာဓလေ့ကို ပေါ်လွင်စေမယ့် အခင်းအကျင်းတွေကို ပြင်ဆင်ကျင်းပသွားမှာ ဖြစ်တယ်။ ပုဂံခေတ်ရိုးရာဓလေ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း ချိတ်ဆွဲပြသထားမှာဖြစ်ပြီး သနပ်ခါးစိုက်ပျိုးသူတွေနဲ့ သနပ်ခါးမှ အလှကုန်တွေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ သနပ်ခါးချစ်သူတွေအတွက် လုံးဝလက်လွတ်မခံသင့်တဲ့ပွဲပဲ ဖြစ်ပါတယ်။

My Mandalay

 

Things to do in Mandalay Read 265 times