အဝေးသင်ကျောင်းသားတွေအတွက် နိုင်ငံတကာပညာသင်အခွင့်အလမ်းများ ရရှိနိုင်မယ့်ပွဲ

Ads Ads Ads





Read More>>>ဖွင့်ပွဲအထိမ်းအမှတ် အထူးစျေးရောင်းပွဲတော်ကျင်းပသွားမယ့် 78 Central Point Shopping Mall










>>>မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များ(275)




My Mandalay

 

Zawgyi 

 

မန္တလေးမြို့မှ အဝေးသင်ကျောင်းသား/သူတွေအတွက် ရည်ရွယ်ပြီး နိုင်ငံတကာပညာသင် အခွင့်အလမ်းများနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို အခမဲ့ဆွေးနွေးသွားမယ့် ပွဲကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီပွဲကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ

- ပြည်တွင်းမှာ အဝေးသင်တက္ကသိုလ်ပညာရေး(Distance Education) ပထမနှစ်၊ ဒုတိယနှစ် တက်ရောက်နေသူတွေ

- အဝေးသင်ဘွဲ့လက်မှတ်ကိုင်ဆောင်ထားပြီး ကိုယ့်ပညာရေးအတွက် နောက်တစ်ဆင့် မြှင့်တင်ဖို့စဉ်းစားနေသူတွေ

- နိုင်ငံခြားမှာ (၁)နှစ်လောက် ပညာသင်ကြားပြီးမှ ကိုယ်စိတ်ဝင်စားတဲ့ Career ကို တိတိကျကျရွေးချယ်လုပ်ကိုင်ဖို့ စဉ်းစားထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးသွားမှာလဲ

- အဝေးသင်တက္ကသိုလ်ဘွဲ့လက်မှတ်နဲ့ နိုင်ငံတကာမှာ ဘယ်လိုဘွဲ့တွေတက်လို့ရမလဲ

- အဝေးသင်တက္ကသိုလ် ပထမနှစ်၊ဒုတိယနှစ် ဖြေဆိုထားတဲ့ ကျောင်းသား၊ကျောင်းသူတွေ လျှောက်ထားလို့ရမယ့် (၃ဝ%)မှ (၁ဝဝ%) နိုင်ငံတကာပညာသင်ဆုများအကြောင်း

- အဝေးသင်တက်နေရင်း HND,ABE,NCC လက်မှတ်ရှိထားမယ်ဆိုရင် နိုင်ငံတကာတက္ကသိုလ်တွေမှာ ဘာသာရပ်ကင်းလွတ်ခွင့်ရနိုင်လား.

- ဘွဲ့ရဖို့ အချိန်ဘယ်လောက် ထပ်ပေးရမလဲ

- အဝေးသင်(၃)နှစ်ဘွဲ့ရထားတဲ့ ကျောင်းသား၊ကျောင်းသူတွေ Master Degree(ဘွဲ့လွန်) ဆက်တက်မယ်ဆိုရင် ဘာတွေလိုမလဲ

- MBA/M.Sc Program တွေအတွက်ပေးတဲ့ ပညာသင်ဆုတွေကို ဘယ်လိုလျှောက်ထားရယူနိုင်မလဲ

- ဘယ်နိုင်ငံက ကျောင်းအပြီးဆက်လက်နေထိုင် အလုပ်လုပ်နိုင်ခွင့်ရှိလဲ

- ယူကေ၊ ယူအက်စ်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံတွေမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ ့တက်ခွင့်ရဖို့ IELTS/ TOEFL/ ACT/ SATဘာကို ဦးစားပေးဖြေရမလဲ စတဲ့အကြောင်းအရာတွေကို အသေးစိတ်ရှင်းလင်း ပြောကြားသွားမှာဖြစ်ပါတယ်။

ဒါကြောင့် မန္တလေးမြို့မှ နိုင်ငံတကာပညာရေး စိတ်ဝင်စားသူလူငယ်တွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ပွဲလေးပဲ ဖြစ်ပါတယ်။

ဒီပွဲလေကို လာမယ့် မတ်လ (၁၄)ရက်နေ့၊ မနက် (၁ဝ:ဝဝ)နာရီ မှ (၁၁:ဝဝ) နာရီ CROWN Education Mandalay ( အမှတ် စီ-၅၊ ၆၅လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ရတနာမန္တလေး အဆင့်မြင့်အိမ်ရာ၊ ချမ်းအေးသာစံမြို့နယ် ) မှာ အခမဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ ဖုန်းနံပါတ် 09 975 700 800, 09 975 800 800 နဲ့ Online Registration : http://bit.ly/crownmdy14 တို့ကို ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

My Mandalay

Things to do in Mandalay Read 265 times