မန္တလေးတိုင်း တိုင်းရင်းဆေးရုံတွင် တာဝန်ထမ်းဆောင်မည့် စေသနာ့ဝန်ထမ်း (၉၀) အား သင်တန်းပို့ချ

Ads Ads Ads

မန္တလေးတိုင်း ဒေသကြီးရှိ တိုင်းရင်း ဆေးရုံကြီးတွင် COVID-19 အတည်ပြု လူနာများအား ထားရှိရန် အတွက် ပြင်ဆင်လျက်ရှိရာတွင် (၉၅) ရာခိုင်နှုန်းခန့် ပြီးဆုံးပြီ ဖြစ်သောကြောင့် ကျန်းမာရေး အစောင့်အရှောက်များအား စတင်ဆောင်ရွတ်နေပြီ ဖြစ်ပါသည်။ ‘

ထိုကဲ့သို့ ဆောင်ရွတ်ရာတွင် အောက်တိုဘာလ (၁၆) ရက်နေ့မှ စတင်ကာ တာဝန်ထမ်းဆောင်မည့် စေသနာ့ ဝန်ထမ်း အယောက် (၉၀) အား ရောဂါကာကွယ်ရေး ဆိုင်ရာ များနှင့် စနစ်တကျ ဆောင်ရွတ်တတ်စေရန် သင်တန်းပို့ချပေးလျက် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

တာဝန်ကျ စေသနာ့ဝန်ထမ်းများကို PPE ဝတ်စုံ ဝတ်နည်း၊ ချွတ်နည်းများက စတင်ကာ သင်ကြားပေးနေပြီ ဖြစ်ပါသည်။ ကုတင် (၁၀၀) ဆန့်သည့် တိုင်းရင်း ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်တဲ့အခါ သိသင့်တဲ့ အကြောင်းအရာတွေအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သင်ကြားပေးနေတာ ဖြစ်ပါသည်။

တိုင်းရင်းဆေးရုံတွင် ထားရှိမည့် လူနာများမှာ ရောဂါ လက္ခဏာမပြပဲ ကူးဆက်ခံရသူများကိုစာ ထားရှိသွားမည် ဖြစ်ပြီး စေသနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို ရောဂါကူးဆက်မှု မရှိစေရန် ဝတ်စုံဝတ်နည်း၊ ချွတ်နည်းများကို စနစ်တကျ သင်ကြားပေးနေခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ ဝတ်စုံများကို စာတွေ့လက်တွေ့နည်းများဖြင့် သင်ကြားပေးနေပြီး COVID-19 ပြန့်ပွားမှုများအား ကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။ နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင်၊ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်ပါသည်။

Ref: Mandalay General Hospital 

Event & Entertainment Health & Wellness Read 150 times





10% OFF
Eames Management Lounge and Ottoman

- Black Leather - Aluminum Frame Finish

7926576.00
7133918.00
Valid Until 01 January, 2021
50% OFF
Eames Sofa Compact

What's compact about a sofa that's 6 feet wide and seats three adults comfortably?

4466000.00
2233000.00
Valid Until 01 December, 2020