Food and Drink

အစိမ်းရောင် ဟင်းသီးဟင်းရွက်ရဲ့ လျှို့ဝှက်ချက်များ

Read 379 times

အသက်ရှည်ကျန်းမာဖို့ နေ့စဉ် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေမှတစ်ဆင့် ရရှိနိုင်တဲ့အတွက် တစ်နေ့ကို ဟင်းသီးဟင်းရွက် တစ်ခါစားအရွယ် သုံးဆ မှ ငါးဆခန့်အထိ စားပေးခြင်းဖြင့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ် အစိမ်းရောင်ဟင်းသီးဟင်းရွက်ပမာဏများများစားပေးခြင်းက အသည်းအဆီဖုံးတဲ့ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့အသည်းရောဂါဖြစ်ပြီး ဖြစ်ပွားခြင်းအကြောင်းအရင်းတွေက အဝလွန်ခြင်း၊ အရက်အများကြီးသောက်ခြင်းတို့ဖြစ်ပါတယ်။

IMPORTANCE OF GREENS IN THE BODY. | by amazing kozi | Medium

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အသည်းမှာ အဆီစုလာခြင်းကို ကာကွယ်ပေးနိုင်တဲ့ inorganic nitrate ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသီးနဲ့ဟင်းသီးဟင်းရွက် စားသုံးမှုပမာဏများခြင်းက နှလုံးနဲ့သွေးကြောတို့နဲ့ဆိုင်တဲ့ကုထုံးနဲ့ဆီးချိုရောဂါတွေမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

ဟင်းသီးဟင်းရွက်နဲ့အသီးတွေကလဲ သွေးတိုးခြင်းကို လျော့နည်းစေပြီး ဂလူ့ကိုဓာတ်နဲ့အင်ဆူလင်ကို တိုးလာစေပါတယ်။ အသည်းကင်ဆာကဲ့သို့ ဘဝကိုခြောက်လှန့်နေတဲ့အခြေအနေတွေဖြစ်စေနိုင်တဲ့ အသည်းအဆီဖုံးခြင်းရောဂါအတွက် ထောက်ခံချက်ပေးထားတဲ့ကုသမှုတော့ လောလောဆယ်မရှိဘူးဖြစ်ပါတယ်။

Healthy You = Healthy Eyes - Leafy Green Veg — Brad Abrahams Optometry

နောက်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို သေချာစားသုံးမှုမရှိပါက ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာတွေကတော့...

(၁)  အစာချေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခြင်း

ဟင်းသီးဟင်းရွက် မစားသူများအနေနှင့် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းနှင့် အူရောင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်တဲ့အတွက် အမျှင်ဓာတ်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။

(၂)  ကင်ဆာဖြစ်နှုန်း မြင့်မားစေခြင်း

ကညွတ်၊ အစိမ်းရောင်အရွက်များ၊ လိမ္မော်သီးနှင့် ကန်စွန်းဥ၊ မုန်လာဥတို့မှာပါသော ဗီတာမင်အေဓာတ်ဟာ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၃)  ကိုယ်အလေးချိန် တိုးလာခြင်း

အဝလွန်သူများဟာ သာမန်ကိုယ်အလေးချိန်ရှိသူများထက်စာရင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးစားတာ ပိုနည်းကြတယ်လို့ သိရပါတယ်။

5 Easy Ways to Add Green Leafy Vegetables to Your Diet

(၄)  ဆီးချိုဖြစ်နှုန်း မြင့်မားခြင်း

ကိုယ်အလေးချိန်တိုးခြင်းဟာ ဆီးချိုရောဂါဖြစ်နှုန်းနှင့် ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါ ခံစားနေရသူတွေအနေနှင့်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို လုံးဝမစားပါက ဆီးချိုရောဂါကို ပိုဆိုးစေပါတယ်။

(၅)  သွေးတိုးဖြစ်နှုန်း မြင့်မားခြင်း

အငန်တွေ အစားများပြီး ဟင်းသီးဟင်းရွက်များ အစားနည်းခြင်းဟာ သွေးပေါင်ကို ပိုမိုမြင့်တက်စေပါတယ်။ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်ပါသော အစားအစာတွေကို စားခြင်းဖြင့် သွေးပေါင်တက်ခြင်းကို သက်သာစေပါတယ်။

(၆)  နှလုံးရောဂါဖြစ်နှုန်း မြင့်မားခြင်း

ဟင်းသီးဟင်းရွက်တွေစားခြင်းဟာ သွေးပေါင်တက်ခြင်းကို သက်သာစေတဲ့အတွက် နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီး တစ်ခါစားအရွယ် ရှစ်ဆခန့်နှင့်အထက် စားသူတွေဟာ ၁ ခါစားသာခန့် စားသူတွေထက်စာရင် နှလုံးရောဂါနှင့် လေဖြတ်နှုန်း ၃၀ ရာနှုန်းလောက် နည်းပါးတာ တွေ့ရပါတယ်။

Bookmark