By Thant
TikTok Application ကို တရုတ်နိုင်ငံက နာမည်ကြီး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ByteDance ကနေ (2016) ခုနှစ် စက်တင်လပိုင်း ဝန်းကျင်မှာ စတင် ဖြန့်ချီခဲ့တာပါ။ အဲ့ဒီ App မှာတော့ Video အတိုလေးတွေကို (၅) စက္ကန့် ကနေ အများဆုံး (၆၀) စက္ကန့်ထိ ရိုက်လို့ရပါတယ်။
လူငယ်တွေကြားမှာ ရေပန်းအစားဆုံး Application ဖြစ်ပြီး တစ်ရက်နဲ့ တစ်ရက် ဆန်းသစ်တဲ့ Video တွေကြားမှာ အသုံးပြုတဲ့ သီချင်း အသစ်တွေ၊ Remix တွေကလည်း မတူညီပါဘူး။ အဲ့ဒါကြောင့် လက်တလော TikTok မှာ ခေတ်စားနေတဲ့ သီချင်းတွေကို ပြောပြပေးပါမယ်။
(၁) Ice Cream - Blackpink (ft- Salena Gomez)
လူငယ်တွေရဲ့ သဘောကျမှုကို အများဆုံးရရှိထားတဲ့ ကိုရီးယား အဖွဲ့တစ်ခုဖြစ်တဲ့ Blackpink အဖွဲ့နဲ့ အတူ Selena Gomez က ပါဝင်သီဆိုထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဩဂုတ်လ (၂၈) ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး လက်ရှိ TikTok မှာ ရေပန်းအစားဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းကို အသုံးပြုသူပေါင်း 4.5M အထိရှိနေပြီ ဖြစ်ပါတယ်။
(၂) Chicken Wing Song
အဲ့သီချင်းလေးကတော့ လွန်ခဲ့တဲ့ (၁၀) ကျော်လောက်က ကလေးလေးတွေ အတွက် ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်တစ်လောမှာ နံမည်ကြီးနေတဲ့ TikToker တစ်ယောက်ဖြစ်တဲ့ Bella Porsche က အဲ့သီချင်းလေးကို ပြန်လည် သီဆိုလိုက်တဲ့အခါမှာ ပြန်ပြီးနာမည် သီချင်းလေးဖြစ်ပါတယ်။ Remix လေးတွေ ပြုလုပ်ပြီး ပြန်လည်ပြီး သီဆိုထားတာလည်း ရှိပါသေးတယ်။ ချစ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်တာကြောင့် အသုံးပြုသူပေါင်း 3.6M နဲ့ အရမ်းနာမည်ကျော်လာတဲ့ သီချင်းလေးပါ။
(၃) Dynamite- BTS
ကမ္ဘာကျော် ကိုရီးယား အဆိုတော် အဖွဲ့ဖြစ်တဲ့ BTS ရဲ့ ဩဂုတ်လ (၂၁) ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး Disco-Pop အမျိုးအစား သီချင်းအမြူးလေး တစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းကို ပုံဖော်ရိုက်ကူးထားတဲ့ MTV ထဲက အကလေးက ချစ်စရာကောင်းတဲ့ အပြင် အမြူးသီချင်းလေး ဖြစ်တာကြောင့် Dynamite ရဲ့အက ဆိုပြီး TikTok မှာ တော်တော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။ Dynamite သီချင်းကိုတော့ အခုဆိုရင် အသုံးပြုသူပေါင်း 4.2M အထိရှိနေပါပြီ။
(၄) Upside Down - JVKE (Remix)
JVKE ရဲ့ Original Song ဖြစ်တဲ့ Upside Down ဆိုတဲ့ သီချင်းလေးကို Remix ပြန်လုပ်ထားတဲ့ ပုံစံလေးက တစ်မူထူးခြားနေတဲ့ အပြင် အဲ့ဒီ့သီချင်းလေးကို အကလေးနဲ့ တွဲဖက်ထားတဲ့ Video လေးကို #upsidedownchallenge ဆိုတာလေးနဲ့ Challenge အပြန်အလှန် ပြုလုပ်ကြရင်းနဲ့ နဲမည်ကြီးလာတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ အခုဆိုရင်တော့ အသုံးပြုသူ 3.3M နှင့် နာမည်ကြီး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(၅) Mi Pan Su Sus
Mi Pan Su Sus ဆိုတာလေးက သီချင်းဆိုတာထက် သံစဉ်လို့ ပြောရမှာပါ။ ဒီသံဇဉ်လေးက (၂၀၁၀) ခုနှစ်တုန်းက ရရှားနိုင်ငံရဲ့ ကြော်ငြာ တစ်ခုမှာ အသုံးပြုဖို့ ပြုလုပ်ခဲ့တဲ့ သံဇဉ်တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။ အဲ့သံစဉ်လေးကို လားမားအကောင်လေးနဲ့ Video ပြုလုပ်လိုက်ရာကနေ အရမ်းရေပန်းစားသွားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသံစဉ်လေးကို အသုံးပြုသူ 2.99M အထိရှိနေပြီ ဖြစ်ပါတယ်။
(၆) Wrap me in the plastic - CHROMANCE
ဒီသီချင်းလေးကတော့ နာမည်ကြီး Tiktoker ဖြစ်တဲ့ Cherli De Melio ကနေ သူမရဲ့ ဟန်လေးနဲ့ Video အတိုလေးကို ပြုလုပ်လိုက်ရာကနေ နာမည်ကြီးလာတဲ့ သီချင်းလေး ဖြစ်ပါတယ်။ Chromance နဲ့အတူ Macus Laton ကပါဝင် အားဖြည့်ပါဝင် ထားပါတယ်။ ဒီသီချင်းလေးကို အခုဆိုရင် Tiktok App မှာ အသုံးပြုသူပေါင်း 3.97M ရှိနေပြီ ဖြစ်ပါတယ်။