By Thant
The Guys from Mandalay 1950s ကို စာရေးစရာ ခက်ဇော်မှ ရေးသားထားတာ ဖြစ်ပြီး (၂၀၂၀) ခုနှစ် နိုဝင်ဘာလ (၁) ရက် မှာ စာအုပ်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
စာအုပ်က Online ပေါ်မှာ တင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကလည်းစာအုပ်အထွက်ကို စောင့်ခဲ့ကြသလို တချို့လည်း အွန်လိုင်းမှာ ဖတ်ရှုပြီးတဲ့ စာအုပ်အဖြစ်ပါ တန်ဖိုးထား သိမ်းဆည်းဖို့ စောင့်ဆိုင်းနေကြပါတယ်။
အခုစာအုပ်ဟာ အလွန်အောင်မြင်ခဲ့တဲ့The Guys of Rangoon ရဲ့အဆက်တော့ မဟုတ်ပါဘူး။ဒါပေမယ့် ဆက်စပ်မှုလည်းရှိနေပြန်ပါတယ်။ The guys of yangon ရဲ့ အဓိက ဇာတ်ကောင်ဟာ လမ်းမတော် ဖိုးတုတ်ဆိုရင် The Guys from Mandalay ရဲ့ အဓိက ဇာတ်ကောင်ဟာ စိန်ဓားမြှောင် (သို့) မောင်ကလေး ပါပဲ။
စိန်ဓားမြှောင်က မန္တလေးကျုံးကိုလည်း ချစ်သလို နန်းမြို့ရိုးကိုလည်း တန်ဖိုးထားတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝတစ်ခုလုံးက ကြမ်းတမ်းခဲ့ပြီး အဲဒီ့အချိန်တုန်းက ရှိခဲ့တဲ့ ပါတီဝင်ရဲ့ အကြောင်းတွေသာ မက အမူအကျင့်ကောင်းတဲ့သူတွေ၊ ကောင်းတဲ့သူတွေကို ကွဲကွဲပြားပြား ထင်ပေါ်အောင် ရေးသာထားတာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။
The Guys from Mandalay စာအုပ်ကို ကြိုတင်မှာယူချင်တယ် ဆိုရင်တော့ WE Distribution ကနေ မှာယူနိုင်မှာ ဖြစ်ပြီး ကြိုတင်မှာယူတဲ့ မည်သူမဆို ပို့ခ Free နဲ့ စာရေးသူရဲ့ အမှတ်တရ လက်မှတ် စာမှတ်ကဒ် လက်ဆောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ စာမျက်နှာပေါင်း (၅၀၀) ကျော်ပါဝင်မှာ ဖြစ်ပြီးတော့ ဈေးနှုန်းကလည်း (၆,၅၀၀) ကျပ်လောက် ကျသင့်မှာပါ။