COVID-19 Updated

အောက်စီဂျင် ချိန်မှတ်နည်းနှင့် ဆောင်ရန်ရှောင်ရန်များ

Read 1460 times

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကိုခံစားနေရတဲ့ လူနာတစ်ယောက် သို့မဟုတ် ရောဂါအပြင်းအထန်ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ အသက်က အောက်စီဂျင်ပေါ်မူတည်နေပါတယ်။ ဒါ့ကြောင့် လူနာစောင့်တဲ့သူက အောက်စီဂျင်အိုးမှာရှိတဲ့ Oxymeter ကို အစဉ်တစိုက် ဂရုစိုက်နေဖို့လိုအပ်ပါတယ်။

Covid-19 Third Wave ကလည်း လာပြီဆိုတော့ Oxymeter ပြတဲ့ အဖြေကိုတွက်ချက်ပြီး 
Oxygen ပေးနည်းကို သိထားသင့်ပါတယ်။ အခုလတ်တလောမှာ အချို့က ရောဂါဆိုးဆိုးရွားရွားခံစားရတာမျိုးကြောင့် အသက်ရှုံးဆုံးရတာမဟုတ်ဘဲ အောက်စီဂျင်အိုးမှာ အောက်စီဂျင်ကုန်သွားလို့ အသက်ရှူဖို့ လေအလုံအလောက်မရတော့ဘဲ သေဆုံးရတာတွေ တွေ့နေရပါတယ်။

ဒါ့ကြောင့် လူနာရဲ့ အောက်စီဂျင်အိုးမှာရှိတဲ့ အောက်စီဂျင်ပမာဏကိုလည်း စောင့်ကြည့်နေသင့်ပါတယ်။ လူနာကို အောက်စီဂျင်ပေးတဲ့ ပမာဏကလည်း လူနာလိုအပ်တဲ့ ပမာဏပဲ ဖြစ်ရပါမယ်။ မလိုအပ်ဘဲ အောက်စီဂျင်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်သလို အောက်စီဂျင် အလုံအလောက်မရတာတွေလည်း ဖြစ်နိုင်လို့ပါ။ ဒါ့ကြောင့် လူနာကို Oxymeter နဲ့တိုင်းပြီးမှ Oxymeter အဖြေကို တွက်ချက်ပြီး အောက်စီဂျင် လွှတ်ပေးသင့်ပါတယ်။

May be an image of wrist watch

လူနာကို Oxymeter နဲ့တိုင်းလို့ ထွက်လာတဲ့ အ​ဖြေက ပုံမှန် (94) နဲ့ (99) ကြားမှာရှိသင့်ပါတယ်။ တကယ်လို့ Oxymeter က ထွက်လာတဲ့ အ​ဖြေဟာ (94) ​အောက်ကျ​နေပြီဆိုရင် စိုးရိမ်အနေအထားပါ။ ဒါဆို လူနာကို အောက်စီဂျင်ပေးဖို့ လိုအပ်လာပါပြီ။

Oxymeter မှ (94) အောက်ရောက်တဲ့ အ​ဖြေဂဏန်းကို (94) ထဲက နုတ်ပြီး (4) နဲ့စားပါ။
4 နဲ့စားလို့ အကြွင်းပျက်သွားရင် စားလဒ်ဂဏန်းအတိုင်း ​လူနာကို အောက်စီဂျင် အမှတ်ချိန်ပြီး လွှတ်ပေးရပါမယ်။ စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက စားလဒ်ဂဏန်းကို (1) ပေါင်းပြီး လူနာကို Oxygen အမှတ်​ချိန်ပေးပါ။

ဥပမာ(၁) - လူနာကို Oxymeter နဲ့တိုင်းလိုက်လို့ အ​ဖြေက (82) ထွက်တယ်ထားပါတော့။ အဆိုပါ (82) ကို (94) ထဲကနုတ်ရင် (12) ဖြစ်ပါတယ်။ အဲ့ (12) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး အကြွင်း (0) ကြွင်း၍ အကြွင်းပျက်သွား​တာ​ကြောင့် လူနာကို ​အောက်ဆီဂျင်​ပေး​တဲ့အခါ စားလဒ် (3) အတိုင်းပဲ (3) မှတ်​ပေးရမှာပါ။ Oxygen အိုးရဲ့ flow meter မှာ (3) မှတ်အ​နေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်​ပေးပါ။

ဥပမာ(၂) - Oxymeter နဲ့တိုင်းလိုက်လို့ အ​ဖြေဟာ (80) ထွက်ပါက အဆိုပါ (80) ကို (94) ထဲကနုတ်ရင် (14) ဖြစ်လို့ (14) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး  
(2) ကြွင်း​တာ​ကြောင့် စားလဒ် (3) ကို (1) ပြီး လူနာကို ​အောက်ဆီဂျင် ​ပေး​တဲ့အခါ အောက်စီဂျင်အိုးရဲ့ Flow meter မှာ (4) မှတ်​ အ​နေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်ပေးပါ။

အကယ်၍ Oxymeter ရဲ့အ​ဖြေဟာ (91/92/93) ဖြစ်​နေပါက  အောက်စီဂျင်ပေးမယ်ဆိုပါက အောက်စီဂျင်အိုးရဲ့ Flow meter မှာ (2) မှတ် အ​နေအထားချိန်ပြီး ပေးနိုင်ပါတယ်။

May be an image of 1 person

နောက်ပြီ အောက်စီဂျင်ဆိုတာက တခြား Gas တွေထက် အန္တရာယ်များတာကြောင့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိထားသင့်ပါတယ်။

(1) အောက်စီဂျင်အိုးနားမှာ ဆေးလိပ်မသောက်ရပါဘူး။ အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမလောင်နိုင်ပါဘူး။ ဒါပေမယ့် မီးလောင်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မီးဖိုဘေး၊ မီးနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးထားပေးရပါမယ်။ 

(2) ပူစေတဲ့အရာတွေနဲ့ အနည်းဆုံး (၅) ပေအကွာမှာ ထားရပါမယ်။ ပူစေတဲ့အရာတွေထဲမှာ ဓာတ်ငွေ့မီးဖို၊ ဖယောင်းတိုင်၊ မီးထွန်းရန်မီးနဲ့ လျှပ်စစ် သို့မဟုတ် ဓာတ်ငွေ့အပူပေးစက် စတာတွေ ပါဝင်ပါတယ်။ မီးပျက်လို့ဆိုပြီး အောက်စီဂျင်အိုးပေါ်မှာ ဖယောင်းတိုင်ထွန်းတာမျိုး လုံးဝ လုံးဝမလုပ်ရပါဘူး။

(3) လေဖြည့်ထားတဲ့ အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ လေပေါင် Pressure 1800 psi ရှိတာမို့ လေရှိနေတဲ့အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။

(4) အရေးအကြီးဆုံးကတော့ အောက်ဆီဂျင်အိုးတွေဟာ ဆီမှန်သမျှကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိအောင်ထားစေချင်ပါတယ်။ လှည့်တဲ့ ဝှီးဘားလေးကြပ်နေလို့ ဆီလေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါစေနဲ့။ filling လုပ်တဲ့အချိန်ပေါက်ကွဲစေတတ်ပါတယ်။

No photo description available.

ဒါ့ကြောင့် အိမ်မှာ အောက်စီဂျင်အိုးရှိပါက ပေါ့ပေါ့ပျက်ပျက် မနေဘဲ သတိကြီးကြီးနဲ့ ဂရုတစိုက်ကိုင်တွယ်သင့်ပါတယ်။

Bookmark