Event & Entertainment

Max Myanmar မှ နိုင်ငံတော်သို့ အခွန်ဘဏ္ဍာအဖြစ် ကျပ်သန်းပေါင်း (၁၄၈၁၈) ပေးဆောင်

Read 298 times

Max Myanmar Group အနေဖြင့် ၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်း (၁၃,၃၀၀) ကျော်နှင့် ဝင်ငွေခွန် ကျပ်သန်းပေါင်း (၁,၅၁၇) ကျော်ကို ပေးဆောင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အခွန်ဘဏ္ဍာအဖြစ် မြန်မာငွေကျပ်သန်းပေါင်း (၁၄,၈၁၈) အထိ ပေးဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်  ပြီးခဲ့သည့် (၂၀၁၈-၂၀၁၉) စည်းကြပ်နှစ်တွင်လည်း ငွေကျပ်သန်းပေါင်း (၁၄,၇၇၂) ကျော်ကို ပေးဆောင်ခဲ့သည်ဟု သိရှိရသည်။ 

ထို့အပြင် (၂၀၂၀) ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မ အိမ်တော်တွင် ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန်များ ပေးဆောင်ခဲ့မှုဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်မှ ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဆုကိုလည်း မက်စ်မြန်မာအုပ်စု ၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်မှ လက်ခံရရှိခဲ့ပါသည်။  

Max Myanmar Group နှင့် AYA Financial Group တို့ပူးပေါင်းကာ လူမှုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန် တည်ထောင်ထားသော ဧရာဝတီ ဖောင်ဒေးရှင်းမှနေ၍ နိုင်ငံတစ်ဝှမ်း လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့အထိ အမေရိကန်ဒေါ်လာသန်း (၉၀) ကို အသုံးပြုပြီးဖြစ်သည့် အပြင် ကိုရိုနာဗိုင်းရစ် ကာကွယ်ကုသရေးအတွက်  ဆရာဝန်များ၊ သူနာပြုများအပါအဝင် လုပ်အားပေး လုပ်ကိုင်ဆောင်ရွက်ပေးသူ (၇၀၀) ဦးတို့ဖြင့် ရောဂါပိုးကူးစက်ခံရသောသူများကို ကုသပေးလျက်ရှိသည်။

Bookmark