Mandalay Smart Pay (MSP Wallet) ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ရတနာပုံဘဏ် နဲ့အတူ 2C2P Co.,Ltd. တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အဲဒီ့ Applivation ကို မန္တလေးမြို့ဝင် တိုးဂိတ်များမှာ ငွေပေးချေရာတွင် အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်းကို စက်တင်ဘာလ (၁၈) ရက်နေ့က သိရှိရပါတယ်။
Mandalay Smart Pay (MSP Wallet) အား (၂၀၂၀) ခုနှစ် မတ်လပိုင်းက Mandalay Convention Center တွင် စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး
ဒါ့အပြင် ရေခွန်နဲ့ အမှိုက်သိမ်းဆည်းခ တွေအတွက်ကိုလည်း ပြေစာတွေမှာ ငွေပေးချေနိုင်တဲ့ Municipal Bills with QR Code ကို မတ်လကုန်လောက် ကတည်းက ထည့်သွင်းပေးထားပြီး အဲဒီ ပြေစာပေါ်မှာ ပါတဲ့ QR Code ကို Scan ဖတ်ကာ ငွေပေးချေမှုကို (၂၄) နာရီအတွင်း မိမိနေအိမ်ကနေ ဆောင်ရွက်နိုင်ပါတယ်။
Application ကို စတင်မိတ်ဆက်တဲ့ အချိန် ကတည်းက မြို့တော်ဝန် ဒေါက်တာရဲလွင်က မြန်မာ၊ English နှစ်ဘာသာလုံးနဲ့ အလွယ်တကူ အသုံးပြုနိုင်ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Application ကို အဓိက အသုံးပြုသူများ ဖြစ်တဲ့ စားသုံးသူတွေအတွက် သာမက အစားအသောက်နှင့် ပစ္စည်း ရောင်းချသူတွေ အတွက်ပါ အခကြေးငွေ ဖြတ်တောက်မှု လုံးဝ မရှိပဲ မိမိ၏ဖုန်းဖြင့် အလွယ်တကူ ငွေပေးချေနိုင်မယ့် စနစ်တစ်ခုပါ။
MSP Wallet ကို ငွေသားတွေပေးချေမှု ကတစ်ဆင့် ကူးဆက်နိုင်သော ရောဂါ အန္တရာယ်များကနေ ရှောင်ရှားနိုင်စေဖို့ ယူဆပြီး ဖြန့်ချီခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာရဲလွင်က ထည့်သွင်းပြောကြား ခဲ့ပါတယ်။ MSP Application ထဲကို ငွေသွင်းလို၍ဖြစ်စေ၊ ငွေထုတ်လိုလို့ ဖြစ်စေ ရေ AYA ဘဏ်ခွဲများနဲ့ ရတနာပုံဘဏ်တို့ကနေ တစ်ဆင့် ဆောင်ရွတ်နိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။
မန္တလေးမြို့ဝင် တိုးဂိတ်များတွင် ငွေပေးချေရန် အသုံးပြုပုံကနော့ Application အထဲမှာရှိတဲ့ ပေးချေမည် (သို့) Scan and Pay ဟူသောနေရာမှ ကိုယ့်ရဲ့ QR Code ကိုရယူပြီး မိမိရောက်ရှိနေသော တိုးဂိတ်မှာ ပြလိုက်ယုံဖြင့် အလွယ်တကူ ပေးချေနိုင်မှာ ဖြစ်တာကိုလည်း ပြောပြပေးလိုက်ပါတယ်။