Movies Mandalay Trend Event & Entertainment

LGBT တွေအတွက် စိတ်ခွန်အားတွေ ရစေမယ့် Love Simon ဇာတ်ကား

Read 207 times

Love Simon ရဲ့ဒါရိုက်တာကတော့ Greg Berlanti ပါ။ သရုပ်ဆောင်တွေအနေနဲ့ Simon အဖြစ် Nick Robinson, Blue အဖြစ် Keiynan Lonsdale, Simon ရဲ့သူငယ်ချင်းတွေအဖြစ် Katherine Langford, Alexandra Shipp နဲ့ Jorge Lendeborg Jr. တို့က သရုပ်ဆောင်ထားပါတယ်။

Simon ညီမလေးအဖြစ် ကလေးသရုပ်ဆောင် Talitha Bateman က သရုပ်ဆောင်ထားပြီး Simon ရဲ့ မိဘတွေအဖြစ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Jennifer Garner နဲ့ Safe Heaven ကားထဲမှ Josh Duhamel တို့မှ အားဖြည့်ထားပါတယ်။

2000 century fox က ထုတ်လုပ်ဖြန့်ချီတာ ဖြစ်ပြီး Love Simon စာအုပ်နာမည်က Simon vs. the Homo Sapiens Agenda ပါ။ Becky Albertalli ဟာ Love Simon လိုမျိုး LGBT Support တဲ့ ဇာတ်လမ်းတွေ ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပါတယ်။

Love Simon ကားရဲ့ရယ်ရွယ်ချက်ကတော့ LGBT လူငယ်လေးတွေကို အခြားသာမန်လူတွေအနေနဲ့ အမြင်အဆင်ပြေစေရန်နဲ့ တစ်သားတည်းဖြစ်နေစေဖို့ကို အထူးရယ်ရွယ်တာပါတဲ့။

မှန်ပါတယ်၊ တကယ်ထိရောက်ခဲ့ပါတယ်။ Love Simon အစွမ်းတယ်အစွမ်းထက်သကိုး။ ပြောရရင် အမြင်စိမ်းမနေတော့ပဲ သူတို့ရဲ့ စိတ်အမှန်ပုံသဏ္ဏန်အမှန်ကို လူငယ်တွေဟာ ကြောက်စိတ်မရှိမသွယ်ဝှက်ထားတော့ပဲ ပြောလာကြတဲ့ထဲမှာ Love Simon ထဲက Simon နေရာက မင်းသား Nick ရဲ့ ညီအရင်းပါ အပါအဝင်ပါပဲ။

Gay တွေရဲ့ မိဘတွေကလည်း သူတို့သားသမီးတွေအပေါ်လက်ခံလာကြသလို အပြင်ကလူထု အကောင်းမြင်ဝါဒသမားတွေကပါ LGBT တွေအပေါ်ကို ထောက်ခံပြီး ပို၍ တန်းတူဆက်ဆံလာတာ တွေ့ရပြန်ပါတယ်။

Love Simon ကိုသာမန် ဆယ်ကျော်သက်တွေအနေနဲ့လဲ ကြည့်ရင်မပျင်းမဲ့ကားပါ။ ဒီကားလေးဟာ ကျောင်းသားလူငယ် စိတ်ကူးယဉ်ဆန်တဲ့ကားဖြစ်သလို စိတ်အာရုံရသပေါင်းစုံပေးကာ ကြည့်သူကို စီးမြောစေပြီး အကယ်၍သင်သာ LGBT တွေထဲက တစ်ဦးအပါအဝင်တစ်ယောက်ဆိုပါက စိတ်ခွန်အားအပြည့်ပေးတာကြောင့် သင့်ကိုသင် ဂုဏ်ယူနေမိပါလိမ့်မယ်။

Romantic ဆန်သလားလည်းပြောမနေနဲ့။ သူတို့လူငယ်တွေရဲ့ အနေအထိုင် ဝတ်ပုံစားပုံ အနောက်တိုင်းမှာ မိဘတွေနဲ့သားသမီးတွေရဲ့ ပွင့်လင်းမြင်သာပုံ နွေးထွေးပုံတွေကို ဒီကားတစ်ကားနဲ့တင် အကုန်သိမြင်ရမှာပါ။

အချစ်ရေးတင်မကပါဘူး။ သူငယ်ချင်းကောင်းမည်သည် ဘယ်လောက်ပင် စိတ်ဆိုးနေစေကာမူကိုယ့်သူငယ်ချင်း နိမ့်ကျနေစဉ် အကြောင်းမျိုးစုံနဲ့ ပြန်လှည့်ကြည့်ကာ အမြဲရှိပေးတတ်ကြပါတယ်။ သူငယ်ချင်းကောင်းတွေဆိုတာဘယ်လိုလဲ ဆိုတာပါ သိအောင် Simon နဲ့ သူ့ရဲ့ သူငယ်ချင်းတစ်စုက ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကိုပြသသွားပါသေးတယ်။

Love Simon ကားလေးဟာ Rotten Tomatoes 91 % / IMDb rating 7.8 ရရှိထားကာ အကယ်၍ သင်သာ လူငယ်တစ်ယောက်ဖြစ်ပါက ဒီ Love Simon ကားလေးကို Call me by your name ကားထက် ပိုကြိုက်မယ်ဆိုတာ ယုံကြည်မိပါတယ်။

PG - 13 ပါလို့ ၁၃ နှစ်အထက် ကလေးတွေကြည့်လို့ရပါတယ်။ ဇာတ်ကားကြာချိန်က ၁ နာရီနဲ့ ၅၀ မိနစ်ပါ။ မိသားစုနဲ့လဲအတူကြည့်လို့ရပါတယ်။Simon နဲ့ သူ့အဖေ တချို့အခန်းတွေဆို မျက်ရည်ကျရလောက်အောင် Drama ချိုးတာပါ။သားသမီးအပေါ်နားလည်ပြီး ချစ်ပေးတဲ့မိဘ နေရာက Simon ရဲ့အဖေနဲ့အမေဟာ ကိုယ်တွေရဲ့နှလုံးကို လုံးဝကိုင်လှုပ်သွားခဲ့တာပါပဲ။

Simon နဲ့သူ့ညီမလေးရဲ့ သရုပ်ဆောင်ကွက်တွေကလည်း Brother & Sister Hood ကို သေချာပြသသွားတာပါ။ သင့်မှာ ညီငယ်ညီမငယ်ရှိပါက ဒီကားလေးမောင်နှမအတူတူကြည့်ပြီး ပျော်စရာအချိန်လေးတွေ ဖန်တီးနိုင်ပါတယ်။

Simon နဲ့ Blue နဲ့ရဲ့ အချစ်ရေးက စိတ်ပင်ပန်းစရာတွေအပြီးမှာ ချားရဟတ်ပေါ်မှာ အားကျစရာ Ro ပြသွားပြန်ပါတယ်။ မှန်ပါတယ်။ အချစ်ဆိုတဲ့ အရာဟာ ယောက်ျားနဲ့ မိန်းမမှ ရွယ်တူချင်းမှမဟုတ်ပါဘူး။ Love is blind ဆိုတဲ့ အတိုင်း အချစ်မှာ မျက်စိမရှိပါဘူး။ ကိုယ့်ချစ်တဲ့သူဘယ်သူမဆို လွတ်လပ်စွာ ချစ်လို့ရတယ်ဆိုတာ ဒီကားလေးက သက်သေပါပဲ။

ဒီကားထဲက သီချင်းလေးတွေကလည်းအတော်ကောင်းပါတယ်။ Bleachers ရဲ့ သီချင်းတွေဖြစ်တဲ့ Alfie's Song - Rollercoaster - Keeping a secret , wild heart တို့အပြင် Jack Antonoff ရဲ့ never fall in love , Troye Sivan ရဲ့ Strawberries & Cigarettes , Amy Shark ရဲ့ Sink In , Khalid နဲ့ Normani ရဲ့ Love Lies , BrenWood ရဲ့ The Oogum Boogum Song , The 1975 ရဲ့ Love me , Whitney Houston ရဲ့ I wanna date with somebody , The Jackson 5 ရဲ့ Someday at Christmas , Haerts ရဲ့ Wings တို့ပါ။

LGBT Support သူတွေသာမက အခြားဆယ်ကျော်သက်တွေပါ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားပါ

Bookmark