Business

(၂၀၂၁) နှစ်ဆန်းပိုင်းမှ စတင်ကာ ထပ်မံမြင့်တက်လာသော မြန်မာ့ရွှေဈေးကွက်

Read 861 times

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့စဉ် (၂၀၂၀)ခုနှစ်၊ မတ်လကုန်မှ စတင်ကာ ရွှေဈေး၊ ဆီဈေးနှင့် ဒေါ်လာဈေးနှုန်းများ ရုတ်ချည်း လျော့ကျသွားရာ ကိုဗစ်ဒုတိယလှိုင်းအတွင်းတွင် ပြန်လည်မြင့်တက်လာခဲ့ပြီး ယခု (၂၀၂၁)ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်စတစ်စ ထပ်မံမြင့်တက်လာသည်။  

လက်ရှိ အခေါက်ရွှေဈေးနှုန်းမှာ ငွေကျပ် (၁၃)သိန်း (၂)သောင်းကျော်အထိ ထပ်မံမြင့်တက်လာပြီ ဖြစ်ပြီး ပြည်တွင်းဒေါ်လာဈေးမှာမူ အနည်းငယ်ကျဆင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်နှင့် ရန်ကုန်လမ်းညွှန်၏ နေ့စဉ်ရွှေဈေးကဏ္ဍတွင် ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိက ကုန်သွယ်ရေး လုပ်ဆောင်နေသည့် အင်္ဂလန်နိုင်ငံနှင့် ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သိမ်းသွားခဲ့ရပြီး ကွန်တိန်နာကားများမှာလည်း ပြေးဆွဲမှုလမ်းကြောင်းများ ရပ်တန့်သွားခဲ့ရသည်။ 

အခြားကုန်သွယ်မှုများ အလုပ်မဖြစ်တော့သည့် ကာလအတွင်း မြန်မာ့ရွှေဈေးကွက်မှာ ပြန်လည်ထောင်မတ် ဦးမော့လာပြီး ကုန်သည်များသည်လည်း ရွှေအရောင်းအဝယ်ဘက်သို့ ပြန်လှည့်လာကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်ရွှေဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုမြင့်တက်လျက် ရှိပြီး ဇန်နဝါရီလ (၃၀)ရက်နေ့ ရွှေဈေးနှုန်းမှာ (၁၃)သိန်း၊ (၂)သောင်း၊ (၃)ထောင်အထိ မြင့်တက်ကာ ကမ္ဘာ့ရွှေဈေးမှာမူ (၁,၈၄၉) ဒေါ်လာအထိ ရှိကြောင်း သိရသည်။ 

Source MOI 

Bookmark