COVID-19 Updated

COVID-19 တစ်နှစ်ပြည့်တွင် ပြည်တွင်းကူးစက်မှု (၇) သောင်းကျော်နှင့် သေဆုံးသူ (၁,၆၂၅) ဦးထိ ရှိလာ

Read 606 times

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာလ (၁၇) ရက်နေ့၊ ည (၈) နာရီအထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၇၁,၇၃၀ ဦး၊ သေဆုံးသူဦးရေ ၁,၆၂၅ ဦးထိ များပြားလာပြီး ပြန်လည် သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၅၄,၂၇၄ ဦး ရှိကြောင်း သိရသည်။

ယခုအချိန်ထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ စုစုပေါင်း ၉၃၀,၀၈၂ ခုထိ ရှိပြီး စောင့်ကြည့်လူနာဦးရေမှာ ၁၅,၅၈၁ ဦး ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှု အများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ပိုးတွေ့လူနာ ၅၃,၇၉၉ ဦး တွေ့ရှိရပြီး ပဲခူးတိုင်းတွင် ပိုးတွေ့လူနာ ၃,၆၃၁ ဦး၊ မန္တလေးတိုင်းတွင် ပိုးတွေ့လူနာ ၃,၃၀၃ ဦး ရှိသည်။

မြန်မာနိုင်ငံရှိ ကူးစက်မှုအများဆုံးနှင့် သေဆုံးမှုအများဆုံး မြို့နယ် (၅) ခုကို အောက်တွင် ဖော်ပြထားသည်။

၁။ မြောက်ဉက္ကလာပမြို့နယ်
ကူးစက်သူ - ၃,၇၇၆ ဦး

၂။ မင်္ဂလာဒုံမြို့နယ်
ကူးစက်သူ - ၃,၅၇၆ ဦး 

၃။ လှိုင်သာယာမြို့နယ်
ကူးစက်သူ - ၃,၃၆၈ ဦး 

၄။ သင်္ဃန်းကျွန်းမြို့နယ်
ကူးစက်သူ - ၂,၉၇၅ ဦး 

၅။ အင်းစိန်မြို့နယ်
ကူးစက်သူ - ၂,၉၂၆ ဦး 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၅၅,၉၄၃,၁၂၂ ဦး ( ၅၅ သန်းကျော် ) နှင့် သေဆုံးသူဦး‌ေရ ၁,၃၄၃,၉၇၈ ( ၁.၃ သန်းကျော် ) အထိ မြင့်တက်လာနေပြီး ပြန်လည် သက်သာလာသူဦးရေ ၃၈,၉၆၃,၁၈၆ ( ၃၈ သန်းကျော် ) ရှိသည်။ 

တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကူးစက်မှုအများဆုံးနှင့် သေဆုံးမှုအများဆုံး နိုင်ငံ (၅) နိုင်ငံ၏ စာရင်းကို အောက်ပါအတိုင်း မြင်တွေ့နိုင်သည်။

၁။ အမေရိကန်နိုင်ငံ 
ကူးစက်သူ - ၁၁,၆၉၅,၇၁၁ ဦး
သေဆုံးသူ - ၂၅၄,၂၅၅ ဦး

၂။ အိန္ဒိယနိုင်ငံ
ကူးစက်သူ - ၈,၉၁၂,၉၀၇ ဦး
သေဆုံးသူ - ၁၃၁,၀၃၁ ဦး

၃။ ဘရာဇီးနိုင်ငံ 
ကူးစက်သူ - ၅,၉၁၁,၇၅၈ ဦး
သေဆုံးသူ - ၁၆၆,၇၄၃ ဦး

၄။ ပြင်သစ်နိုင်ငံ 
ကူးစက်သူ - ၂,၀၃၆,၇၅၅ ဦး
သေဆုံးသူ - ၄၆,၂၇၃ ဦး

၅။ ရုရှားနိုင်ငံ 
ကူးစက်သူ - ၁,၉၇၁,၀၁၃ ဦး
သေဆုံးသူ - ၃၃,၉၃၁ ဦး

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ၌ COVID-19  ပိုးတွေ့လူနာ စတင် တွေ့ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်၊ ကာကွယ်နိုင်ရန် ...

  • ရန်ကုန်ရှိ မြို့နယ်အားလုံး Stay at Home နေထိုင်ကြရန်၊ 
  • ည (၁၂) နာရီမှ မနက် (၄) အထိ ညမထွက်ကြရန်၊
  • လူ (၃၀) ဦးနှင့်အထက် လူစုလူဝေး မပြုလုပ်ရန်၊  
  • ပြည်ပသို့ ခရီးသွားလာမှုများ မပြုရန် စသည့် အမိန့်ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကာ လက်ရှိအချိန်ထိ  ကန့်သတ်ချက်အားလုံးသည် ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။

ပြည်ပနိုင်ငံ အသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ (သို့မဟုတ်) အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာရမည် ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုဝင်ဘာ (၁၀) ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

ယခုအချိန်သည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ် ကြီးမားနေသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပေသည်။

Bookmark