Food and Drink

ဒိန်ချဉ်တွေရဲ့ဘုရင် အိုးလေးဒိန်ချဉ်ကို အိမ်မှာအလွယ်တကူ ဘယ်လိုလုပ်ကြမလဲ?

Read 506 times

ဒိန်ချဉ်အမျိုးအစား အများကြီးရှိသလို၊ ဒိန်ချဉ်ပြုလုပ်နည်းတွေလည်း အများအပြား ရှိကြပါတယ်။ အခြေခံအရတော့ ပြုလုပ်နည်းအားလုံးဟာ အတူတူပါပဲ။ အလွယ်နည်း၊ အခက်နည်းနဲ့ ရောင်းတန်းအတွက် ပြုလုပ်နည်း စသဖြင့်သာ ကွာခြားပါတယ်။ 

လူတိုင်းလုပ်တတ်တဲ့ အလွယ်နည်းဆိုတာ နွားနို့ထဲကို ဒိန်ချဉ်အနည်းငယ် ထည့်လိုက်ပြီး တစ်ညထားလိုက်ရင် အိုးထဲက နွားနို့အားလုံး ဒိန်ချဉ်ဖြစ်သွားတာမျိုးကို ခေါ်တာပါ။ ဒါပေမယ့် ဒီလိုအလွယ်နည်းမျိုးက ကျန်းမာရေးအတွက် အာမမခနိုင်သလို အခန့်မသင့်ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာတတ်ပါတယ်။

ဒါကြောင့် ဒီကနေ့မှာတော့ မလွယ်ကူပေမယ့် အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့ အိုးလေးဒိန်ချဉ် ပြုလုပ်နည်းလေးကို စာဖတ်ပရိတ်သတ်များအတွက် ပြောပြပေးသွားချင်ပါတယ်။ 

Red Clay Yogurt Pot, Vengatachalapathy Trading Company | ID: 20285100955

အိုးလေးဒိန်ချဉ် ပြုလုပ်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်ကတော့ မြေအိုးတစ်လုံးပါပဲ။ အကယ်၍ ပြုလုပ်သူမှာ မြေအိုးအလွယ်တကူ မရှိဘူးဆိုရင်တော့ မြေအိုးအစား အခြားအိုးတစ်မျိုးကို အစားထိုး အသုံးပြုလို့ ရပါတယ်။ 

ပါဝင်ပစ္စည်း 

  • မြေအိုးသစ် (၁)အိုး 
  • နွားနို့ 

ပြင်ဆင်နည်း 

၁။ အိုးသစ်တစ်အိုးကို သန့်ရှင်းအောင် ပြုလုပ်ပြီး အခြောက်ခံထားပါ။ 

၂။ အခြောက်ခံထားတဲ့ အိုးထဲကို ကျိုချက်ပြီးသား နွားနို့ စားပွဲတင်ဇွန်း (၄)ဇွန်းခန့် ထည့်ပါ။ 

၃။ အိုးကို အဖုံးအုပ်ထားပြီး နေပူထဲမှာ (၆)နာရီခန့် ထားပါ။ 

၄။ အိုးထဲက နွားနို့တွေ ခဲသွားပြီး အချဉ်နံ့လေး စရလာပြီဆို ဒိန်ချဉ်စလုပ်လို့ ရပါပြီ။ 

How to make thick mud pot curd [Matka dahi, கெட்டி தயிர் வீட்டில் செய்வது  எப்படி]? - YouTube

ဒိန်ချဉ်ပြုလုပ်နည်း 

၁။ ဒိန်ချဉ်ပြုလုပ်မယ့် နွားနို့ကို အိုးအသန့်ထဲမှာ (၁၀)မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ အပူချိန် ဖာရင်ဟိုက် (၂၀၀)ခန့် ရှိရပါမယ်။ 

၂။ ပြီးရင်တော့ အိုးကို အောက်ချပြီး အပူချိန် ခပ်နွေးနွေး (၁၁၂ ကနေ ၁၁၅ ဖာရင်ဟိုက်) ဖြစ်တဲ့အထိ အအေးခံပါ။ 

၃။ ကြိုထားတဲ့ နွားနို့ နွေးသွားပြီ ဆိုရင် အပေါ်မှာပြုလုပ်ထားတဲ့ ဒိန်ချဉ်အိုးထဲကို အနည်းငယ်လောင်းထည့်ပြီး ခဲနေတဲ့ ဒိန်ချဉ်ကို ကြေအောင် ချေပေးပါ။ 

၄။ ပြီးရင် ဒိန်ချဉ်အိုးတည်မယ့်နေရာကို ရွေးရပါမယ်။ ဒိန်ချဉ်ကို အပူချိန် (၁၁၀) ဖာရင်ဟိုက်ရှိတဲ့နေရာမှာ ထားပါ။ အိုးမလှုပ်နိုင်တဲ့ နေရာမှာထားရင် ပိုကောင်းပါတယ်။ 

၅။ ဒိန်ချဉ် ချေထားတဲ့ အိုးထဲကို ကျန်ရှိနေသေးတဲ့ နွားနို့တွေ ထပ်ပြီး လောင်းထည့်ပါ။ အိုးအဖုံးကို လုံအောင် လုပ်ထားရပါမယ်။ အိုးကို နေရာရွေ့တာ၊ မ တာမျိုး မလုပ်ရပါဘူးနော်။ 

၆။ အိုးထားထားတဲ့ တည်နေရာအပူချိန်အပေါ် မူတည်ပြီး အချိန် (၅)နာရီကနေ (၇)နာရီအထိ ထားပေးရပါမယ်။ ဒိန်ချဉ်ကို မြည်းစမ်းကြည့်ပြီး လိုအပ်တဲ့အချဉ် အနေတော်ဖြစ်ပြီဆိုရင် စတင် စားသုံးလို့ ရပါပြီနော်။ 

ဒိန်ချဉ်နဲ့ အလိုက်ဖက်ဆုံး အသီးက စတော်ဘယ်ရီသီးပါ။ ဒိန်ချဉ်ရဲ့ အချဉ်အရသာ ထပ်မကဲစေဖို့ ရေခဲသေတ္တာထဲ အအေးခံပြီး လိုသလောက်သာ ထုတ်ယူစားသုံးနိုင်ပါတယ်။ ဒိန်ချဉ်ကုန်ခါနည်းလို့ ထပ်လုပ်ချင်သေးတယ် ဆိုရင် ကျန်သေးတဲ့ ဒိန်ချဉ်အနည်းငယ်နဲ့ အိုးအသစ်ထပ်ပွားပြီး ပြုလုပ်နိုင်ပါတယ်။ 

Bookmark