Business Mandalay Trend

အဆောက်အဦး ကန်ထရိုက်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် အချက်များ

Read 426 times

လျှောက်ထားသည့် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ပြည်တွင်းတွင် မှတ်ပုံတင်သက်တမ်း မကုန်သေးသော ကုမ္ပဏီဖြစ်ရမည် ဖြစ်ပြီး ဆောက်လုပ်ရေး၀န်ကြီးဌာန၊ အဆောက်အဦဦစီးဌာန၊ ရုံးအမှတ်(၄၀) တွင် လာရောက် လျှောက်ထားရမည် ဖြစ်သည်။

(က) ကုမ္ပဏီနှင့် ပတ်သက်သော အချက်အလက်များ ပြည့်စုံစွာ ပါရှိရမည်။

( ခ ) အဆောက်အဦးဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံတွင် စနစ်တကျဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ်ထည့်သွင်းရပြီး အဆောက်အဦ ဦးစီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထားရမည်။

ဝန်ဆောင်ခအနေဖြင့် ပေးရခြင်းမရှိပါ၊၊

လိုအပ်သည့် စာရွက်စာတမ်းများမှာ ကုမ္ပဏီနှင့် ပတ်သက်သော စာရွက်စာတမ်း အပြည့်အစုံတို့သာ ဖြစ်သည်၊၊

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

ရုံးအမှတ် (၄၀) အဆောက်အဦဦးစီးဌာနတွင် ပုံစံလာရောက် တောင်းခံခြင်း၊

အဆင့်-၂

ကုမ္ပဏီမှ လိုအပ်သည်များ ဖြည့်စွက်ခြင်း၊

အဆင့်-၃

အဆောက်အဦ ဦးစီးဌာနသို့ လာရောက်တင်ပြ လျှောက်ထားခြင်း၊

အဆင့်-၄

စိစစ်ရေးအဖွဲ့မှ စိစစ်ခြင်းနှင့် အတည်ပြု ရွေးချယ်ခြင်း၊

ဆက်သွယ်ရမည့် လိပ်စာ

နေပြည်တော်၊ အဆောက်အဦ ဦးစီးဌာန၊ ရုံးအမှတ် (၄၀)

ဖုန်းနံပါတ် - ၀၆၇-၄၀၇၅၄၁

လျှောက်ထားရမည့် Website လိပ်စာ

http://www.construction.gov.mm

Photo crd-JW.org

 

Bookmark