Event & Entertainment

ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန် အဖြစ် သရုပ်ဆောင် ခါရာ အား ခန့်အပ်

Read 412 times

ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်သည် ကိုရီးယား-မဲခေါင် ဖလှယ်ရေးနှစ် (Mekong-ROK Exchange Year) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးအနေဖြင့် ပထမဦးဆုံးအကြိမ် ခန့်အပ်သော သံတမန် ဖြစ်ပါသည်။

ထိုကဲ့သို့ ခန့်အပ်ရာတွင် ကိုရီးယား သံရုံးမှ တာဝန်ရှိသူများ အနေဖြင့် အောက်ပါ အကြောင်းအရာများကို ကြည့်၍ မြန်မာရုပ်ရှင်သရုပ်ဆောင် ခါရာအား ခန့်အပ်ခဲ့သည်။ ၎င်းအကြောင်းအရာများမှာ…

  • ပုံမှန်အားလပ်ချိန်များတွင် တိုက်ကွမ်ဒို အားကစားနည်းကို ကြိုက်နှစ်သက်ခြင်း၊ 
  • ကိုရီးယားရုပ်ရှင်များတွင် စိတ်ဝင်စားမှုရှိခြင်း 
  • ကိုရီးယားယဥ်ကျေးမှုတွင် စိတ်အားထက်သန်မှုရှိခြင်း 
  • မြန်မာပြည်သူများကြားတွင် တည်ကြည်ဖြောင့်မတ်မှုရှိခြင်း  
  • လူမှုအကျိုးပြုခြင်း လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခြင်း နှင့် 
  • ပရိသတ်များ၏ တစ်ခဲနက် ချစ်ခင်နှစ်သက်မှုကို ရရှိထားသောကြောင့် ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ပြီး ရှေ့ဆက်၍ ခါရာမှ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ပေါင်းကူးတံတား ကဏ္ဍမှ ပါဝင်အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းအကြောင်းအရာများ သာမက ခါရာသည် ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခံရခြင်းနဲ့ ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုရီးယား အစားအစာ၊ ရုပ်ရှင်၊ တိုက်ကွမ်ဒို စသဖြင့် လူသိများသော ကိုရီးယားယဥ်ကျေးမှုကို သာမက ယခုချိန်ထိ လူသိနည်းနေသေးသည့် ကိုရီးယားယဥ်ကျေးမှုများအား မြန်မာပြည်သူများထံ ချပြနိုင်ရန် ကြိုးစားသွားပါ့မည်ဟု ပြောကြားခဲ့ပါသည်။ 

ခါရာသည် (2019) ခုနစ် အောက်တိုဘာလတွင် ASEAN-Korea Train အစီအစဥ်တွင် မြန်မာအနုပညာရှင်များ ကိုယ်စားပြုအဖြစ် ကိုရီးယားသို့ရောက်ရှိခဲ့ပြီး ကိုရီးယားပြည်သူများထံသို့ ပုံရိပ်ကောင်း ချပြနိုင်ခဲ့ရုံသာမက ယခင်နှစ်ကုန်၌ ကိီုရးယား ရုပ်ရှင်ပွဲတော်၊ ယခုနှစ် မေလတွင် COVID-19 နှင့် ပတ်သက်သော သံအမတ်ကြီးပို့ချချက်များအား ကြေငြာပေးခြင်းကို ဆောင်ရွတ်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါသည်။ 

အောက်တိုဘာလတွင်လည်း ကိုရီးယား-မြန်မာ ယဥ်ကျေးမှုပူးပေါင်း ဖျော်ဖြေပွဲတွင် အစီအစဥ်တင်ဆက်သူ အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ထိုကာလများ အတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးနှင့် ပူးပေါင်းဆောင်ရွက်အပိုင်းတွင် အားကြိုးမာန်တက် ကူညီပံ့ပိုးပေးသည့် အနုပညာရှင် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကြောင့် ခါရာအား ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန် အဖြစ် ခန့်အပ်ခြင်း ဖြစ်ပါသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။ 
 

Ref: Korea Embassy 

Bookmark