Business

မန္တလေးတိုင်းတွင်း နှမ်းများ ဈေးကောင်း ရရှိနေသောကြောင့် တောင်သူများ အကျိုးထူးနေ

Read 355 times

မြန်မာနိုင်ငံ၏ ထွက်ကုန် အများစုအား မန္တေလေးတိုင်းတွင် အခွံ့ချွတ်စက်များ အသုံးပြုကာ ကုန်ကြမ်းမှ ကုန်ချော အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ အဓိက ပို့ဆောင်လျက်ရှိနေကြောင်း သိရှိရပါသည်။ 

ယင်းကဲ့သို့ ရောင်းချရာတွင် ဈေးကွက်အတွင်း ဝယ်ယူမှု အားကောင်းနေသောကြောင့် မန္တလေးတိုင်းမှ ရောင်စုံနှမ်းဈေးကွက်မှာ အရောင်းအဝယ်ကောင်း နေလျက်ရှိပါသည်။ ထိုသို့ ရောင်းအား ကောင်းမွန်လာ သောကြောင့် သီးနှံစိုက်ပျိုးသော တောင်သူများ အနေဖြင့် နှမ်းအမျိုးအစားအလိုက် ယခင်ကထက် ဈေးကောင်းရရှိနိုင်ပြီ ဖြစ်ပါသည်။ 

ကိုဗစ်ကာလတွင် အရောင်းအဝယ်ပြုလုပ်သည့် နည်းလမ်းများ ခေတ်နဲ့အညီ ပြောင်းလဲလာတာကြောင့် မြန့်မာ့ထုတ်ကုန် သီးနှံများကိုလည်း နိုင်ငံတကာ အဆင့်မှီ ကုန်ချောများ အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်လာကြပြီး မန္တလေး နှမ်းဈေးကွက်၏ ရောင်စုံနှမ်းစေ့ အခြေအနေများ ပြန်လည်ကောင်းမွန် လာခြင်း ဖြစ်သည်ဟု ကုန်ကြမ်းရောင်းသူ တောင်သူများက ယုံကြည်ထားကြပါသည်။ 

နှမ်းဈေးကွက်တွင် အရင်က ရောင်းအားကျဆင်းသော နှမ်းဝါမှာ ယခု ရောင်းအား ပြန်လည် ကောင်းမွန်လာပြီး ယခင်က ရောင်းချလျက်ရှိသော နှမ်းအမျိုးများမှာလဲ ရောင်းအား ပိုမိုကောင်းမွန်လာသောကြောင့် နှစ်ကုန်ပိုင်းတွင် ပိုမိုကောင်းမွန်သော ရောင်းအားများ တိုးတတ်များပြားစွာ ရရှိနိုင်မည်ဟု ပဲကုန်အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားထားသည်။ 

COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 

Ref; mrtv 
 

Bookmark