မန္တလေးတိုင်းမှ အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ရာတွင် အဆင်ပြေစေရန် အတွက် အောက်တိုဘာလ (၂၁) ရက်နေ့မှ စတင်ကာ တိုကင်စနစ်ဖြင့် လာရောက်ထုတ်ယူနိုင်ရန် စီစဉ်ထားသည်။
မန္တလေးတိုင်းအတွင်း အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြန့်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယခုကဲ့သို့ ပြုလုပ်နိုင်ရန် ဆောင်ရွတ်ထားခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ထုတ်ယူရာတွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူရာတွင် Social Distancing နဲ့ အညီ ပင်စင်ထုတ်ယူနိုင်စေရန် အတွက် ယခုကဲ့သို့ တိုကင်စနစ်ဖြင့် ဆောင်ရွတ်နေခြင်း ဖြစ်ပါသည်။ ယခင် ပင်စင် ထုတ်ယူရသော နေရာသည် အနည်းငယ် ကျဉ်းကြပ်နေသောကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်ကာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပေးရခြင်း ဖြစ်ပါသည်။
ပင်စင်လစာအား ပုံမှန်အားဖြင့် လကုန်ခါနီး (၂၁) ရက်နေ့မှ လစာထုတ်ရက် လဆန်းပိုင်း အထိ ပေးအပ်လျက်ရှိရာ ရောဂါကာကွယ်ရန် အတွက် စနစ်တကျ ပေးအပ်လျက်ရှိပါသည်။ ပင်စင်စား စုစုပေါင်း (၁၈,၀၀၀) ဦးကျော်ရှိပါသည်။
ယခု COVID-19 ရောဂါပြန့်ပွားနေသည့် အချိန်တွင် လစဉ် (၂၀) ရက်နေ့မှ နောက်လ (၂၀) ရက်နေ့ အတွင်း ရုံးချိန် မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း မိမိနှစ်သက်သည့် အချိန်တွင် လာရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။
COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။
Ref: Mrtv news