Event & Entertainment Mandalay Trend Business

တရုတ်နိုင်ငံ၏ ပဲဝယ်လိုအား တိုးတတ်လာသောကြောင့် မန္တလေးတိုင်းတွင်း ပဲဈေးမြင့်တက်

Read 443 times

တရုတ်နိုင်ငံမှ ပဲများကိုဝယ်ယူမည့် ဝယ်လိုအားမှာ ယခင် စက်တင်ဘာလကထက် များလာသောကြောင့် မန္တလေးတိုင်းအတွင်းမှ ထောပတ်ပဲဈေးနှင့် ပဲဈေးများ မြင့်တတ်လျက်ရှိနေသည်။ 

စက်တင်ဘာလတုန်းက ပဲဈေးမှာ တစ်အိတ်ကို မြန်မာငွေ (၅၈,၀၀၀) ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး ထောပတ်ပဲမှာလဲ တစ်အိတ်လျှင် မြန်မာငွေ (၅၄,၀၀၀) ကျပ် သာရှိခဲ့သည်။ ကိုဗစ်ကာလ အတွင်းမှာ ပဲဈေးကွက်ဟာ တည်ငြိမ်နေခဲ့ပြီး ယခု အောက်တိုဘာလ တွင်မူ တရုတ်ပြည်၏ ဝယ်လိုအား မြင့်တက်လာသောသောကြောင့် ပဲဈေမှာလဲ ယခင်ကထပ် မြင့်တက်လာပါသည်။ 

ပဲဈေးမှာ တစ်အိတ်လျှင် (၇၀,၀၀၀) ကျပ်ဖြစ်ပြီး ထောပတ်ပဲ တစ်အိတ်လျှင် (၆၈,၀၀၀) ကျပ်အထိသို့ တိုးသွားကြောင်းကိုလည်း သိရှိရသည်။ လျက်ရှိတွင် ပဲစိုက်ပျိုးနေသော ဒေသများ ဖြစ်သည့် 

  • မကွေးတိုင်း
  • စစ်ကိုင်းတိုင်း
  • မန္တလေးတိုင်း တွင် အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး တရုတ်နိုင်ငံအပါအဝင် အနောက်ဥရောပ နိုင်ငံများအထိ တင်ပို့ရောင်းချနေတာ ဖြစ်ပါသည်။ 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ပဲဈေးကွက်သည် အောင်မြင်သော ပို့ကုန်ဈေးကွက် တစ်ခုဖြစ်သောကြောင့်‌ တောင်သူများ အနေဖြင့် ပဲများကို ဂရုတစိုက် စနစ်တကျ စိုက်ပျိုးပေးရန် လိုအပ်ကြောင်း မန္တလေးတိုင်း ပွဲရုံမှ တာဝန်ရှိသူ တစ်ယောက်က ပြောကြားထားသည်။ 

COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 
Ref: MRTV 
 

Bookmark