Event & Entertainment Health & Wellness Food and Drink

မန္တလေးတိုင်း ချမ်းအေးသာစံမြိုတွင် ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား (၁၀) ရက်တိုင်တိုင် ဝေငှမည်

Read 1091 times

မန္တလေးတိုင်း ဒေသကြီးတွင် အောက်တိုဘာ (၁၁) နေ့မှ စတင်ကာ လိုအပ်သော ကြက်ဥနှင့် ဟင်းသီးဟင်းရွတ်များကို မိမိလိုအပ်သော ပမာဏကို ယူဆောင်နိုင်ရန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နဂါးကွက်သစ်ရှိ သဟပုညကာရီဘုံ ဆွမ်းလောင်း အသင်းမှ ဆောင်ရွတ်ပေးထားသည်။ 

COVID-19 ရောဂါကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခက်အခဲဖြစ်နေသူများအား ထောက်ပံ့ပေးရန် လိုအပ်သော အစားအသောက်များကို လူနေ ရပ်ကွက်များသို့ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံများကို အောက်တိုဘာ (၁၁) ရက် မှ စတင်၍ လိုသလောက်ယူ စနစ်ဖြင့်ဝေငှလျက်ရှိပြီး (၁၀) ရက်ကြာ ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၀) ရက်နေ့တွင် အောင်မြေသာစံရပ်ကွက်မှ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများကို ပေးအပ်ခြင်း စတင်ခဲ့ပြီးနောက် အောက်တိုဘာလ (၁၂) တွင် ချမ်းအေးသာစံမြို့နယ်တွင် ထောက်ပံ့မှုများ စတင်ခဲ့ခြင်း ဖြစ်ပေသည်။ 

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် စားဖိုချောင် သီးနှံများဝေငှရာတွင် စားပွဲခုံတန်းနှင့် ခင်းကျင်းပြီး တစ်ဦးချင်း လိုသလောက်ယူစနစ်ဖြင့် ဝေငှပေးခဲ့ပြီး အသင်းအနေဖြင့် နေ့စဉ် နံနက်တိုင်း လိုအပ်သော ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည် ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။ 

 Ref; MRTV 
 

Bookmark