မြန်မာနိုင်ငံမှ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပမည့် မြန်မာ-ကိုရီးယား သံတမန် ချစ်ကြည်ရေး (၄၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် Online Taekwondo Poomsae Championship 2020 ပြိုင်ပွဲကို နိုဝင်ဘာ (၁) ရက်မှ (၂) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်နေမှုများကို Live ထုတ်လွှင့်သွားမည်ဖြစ်ပြီး ပထမနေ့ပြိုင်ပွဲ ကို နိုဝင်ဘာ (၁) ရက် နံနက် (၉) နာရီတွင် လည်းကောင်း၊ ဒုတိယနေ့ ပြိုင်ပွဲကို နိုဝင်ဘာ (၂) ရက်တွင် နံနက် (၉) နာရီတွင် လည်းကောင်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုပြိုင်ပွဲတွင် ကျွမ်းကျင်မှု သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ ကာလာ အဆင့်နှင့် ကိုကီဝမ်ခါးစည်းအနက် အဆင့် ဟူ၍ နှစ်မျိုးခွဲ ကျင်းပသွားမည်ဖြစ်သည်။ ကျင်းပရာတွင် အသက်အလိုက် အောက်ပါအတိုင်း ပြိုင်ဆိုင်ရမည် ဖြစ်ပြီး Zoom ဖြင့် အလှည့်ကျ ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
၎င်းတို့မှာ…
ပြိုင်ပွဲဝင်များအနေဖြင့် ဆုရသူများအား ဆုလက်မှတ်နှင့်အတူ ပထမဆု အဖြစ် ကိုရီးယားဒိုဘုခ်ဝတ်စုံ၊ ဒုတိယဆုအနေဖြင့် နှစ်ထပ်ခြေကန်ပက်၊ ပူးတွဲ တတိယဆု အနေဖြင့် ရိုးရိုးခြေကန်ပက် ချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ပြိုင်ပွဲဝင်အရေအတွက်အကန့်အသတ်မရှိ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လူဦးရေစာရင်းအား အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ပြောကြားထားသည်။
ပြိုင်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာမေးမြန်း သိရှိလိုပါက
ဦးကျော်သန်းဦး (နည်းပြချုပ်)၊ နည်းစနစ်ကော်မတီ၊
ဖုန်း- ၀၉ ၇၈၅၀၇၀၀၃၉ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
Ref: MRTV News