Education Health & Wellness

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာ/မများ ရာထူးတိုး (သို့) ပြောင်းရွှေ့ရန် လျှောက်ထားနိုင်ပြီ

Read 568 times

မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်နှင့် အဆင့်မြင့် ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ရာထူးတိုးမြှင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အောက်တိုဘာလ (၁) ရက်နေ့က Mandalay University Of Foreign Languages ၏ Facebook Page တွင် ကြေညာထားသည်။ 

ရာထူးတိုး (သို့) ပြောင်းရွှေ့ လျှောက်ထားမည့် တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိကနှင့် နည်းပြ များ အနေဖြင့် ပြောင်းရွှေ့လျှောက်ထားမည့် အကြောင်းအရာနဲ့ ဖောင်များကို မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ‌ေပါမေက္ခချုပ်ထံ လိပ်မူ လျှောက်ထားနိုင်သည် ဖြစ်ပါသည်။ 

လျှောက်ထားသူများ အနေနှင့် အောက်ပါ အကြောင်အရာများနှင့် ပြည့်စုံရမည် ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းတို့မှာ..

(၁) စာရွက်စာတမ်းများအား ပြည့်စုံစွာ ဖြည့်ထားသော (၂) စုံစီကို သက်ဆိုင်ရာအဖွဲ့က စာရွက် စာတမ်းမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး၊ ပါမောက္ခ ဌာနမှူး နှင့် ပါမောက္ခချုပ် ကျောင်းအုပ်ကြီးတို့က အတည်ပြုလက်မှတ်ရေးထိုး၍ ပူးတွဲပေးပို့ရပါမည် 

(၂) ရာထူးတိုးမြှင့်ခန့်ထားရန်အဆိုပြုလွှာ သို့မဟုတ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်

လျှောက်ထားသူများဖြည့်စွက်ရာတွင် အပြည့်အစုံ ဖြည့်စွက်ရန်

 (၃) လုပ်သက်အတွက် အမှတ်တွက်ပုံစံ (၃၁-၁၂-၂၀၂၀ထိ တွက်ချက်ရန်) 

(၄) မိမိပါဝင်ထားသော ကျောင်းပညာဆိုင်ရာ ပါဝင်မှုများနှင့် ပူးပေါင်းပါဝင်မှု အထောက်အထား မိတ္တူများ

(၅)ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်အထောက်အထားမိတ္တူမှန်များ 

(၆) မိမိ၏ ကိုယ်ရေးမှတ်တမ်း (၃၆)ချက်

(၇)  ရာထူးတိုးရန် အဆိုပြုတင်ပြထားသူတစ်ဦးချင်းအတွက် သက်ဆိုင်ရာပါမောက္ခ ဌာနမှူးနှင့်

ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးတို့ကစိစစ်ချက်ပုံစံ 

(၈) ရာထူးတိုးမြှင့်အဆိုပြု တင်ပြခြင်းအတွက် ပြစ်ဒဏ်ကာလအတွင်းမဟုတ်ကြောင်း သက်သေ အထောက်အထားများ ပြည့်စုံမှသာ ရာထူးတိုးလျှောက်ထားမှုအား အတည်ပြုပေးမည် ဖြစ်ပါသည်။ 

နိုင်ငံခြားဘာသာ တက္ကသိုလ် အနေဖြင့် ရက်ကျော်လွန်၍ လျှောက်ထားလာသော လျှောက်လွှာများအား စဉ်းစားပေးမည် မဟုတ်ကြောင်း ပြောကြားထားသည်။ 

လျှောက်ထားရမည့် လျှောက်လွှာပုံစံအား University Of Foreign Languages ၏ Facebook Page တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Ref: University Of Foreign Languages 

 

Bookmark