Event & Entertainment Live-Style Mandalay Trend Movies

တစ်ခေတ်တခါက အကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့တဲ့ ‘တစ်ကျော့ နှစ်ကျော့ တေးကိုသီ’

Read 850 times

ဂီတလုလင်မောင်ကိုကို ရေးသားထားတဲ့ သီချင်းကို တင်တင်မြက သီဆိုထားပြီး သီချင်းနာမည်ကိုလည်း တစ်ကျော့ နှစ်ကျော့ တေးကိုသီ ဆိုပြီး အမည်ပေးထားပါသေးတယ်။ သီချင်းလေးကို အခြေခံပြီး ဇာတ်ကားကိုလဲ ရိုက်ကူးခဲ့ပါသေးတယ်။ 

မင်းသားကြီး ဝင်းဦးကိုယ်တိုင်ပါဝင်ထားပြီး အဆိုတော်မင်းသမီး တင်တင်မြ နဲ့အတူ မင်းသမီး ချိုပြုံးက ပါဝင်ထားတာပြီး ဒါရိုက်တာ ထွန်းညွန့်ဦး မှရိုက်ကူးထားတဲ့ တစ်ကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားကတော့ မြန်မာ့ရုပ်ရှင် သတ်တမ်းတစ်လျှောက်မှာ အကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

သမိုင်းဝင် ဇာတ်ဝင်တေးများနဲ့အတူ ဝါရင့် သရုပ်ဆောင်ကြီးများရဲ့ ပါဝင်မှုတွေကို ခံစားကြည့်ရှုနိုင်အောင် MRTV channel မှ မြန့်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ဝမ်းမြောက်တဲ့ အနေနဲ့ ပြန်လည်ခံစားနိုင်အောင် ဗုဒ္ဓဟူးနေ့နဲ့ ကြသပတေးနေ့မှာ ခံစားကြည့်ရှုနိုင်ပါတယ်။ 

http://www.mandalaydirectory.com/listing/inn-arr-u242155.html

ဇတ်လမ်းအကြောင်းအရာလေးကတော့ ဝင်းဦးက သီချင်းရေးဆရာတစ်ယောက် ဖြစ်ပြီး တင်တင်မြနဲ့ ချိုပြုံးတို့က ညီအမနှစ်ယောက် နေရာက သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ ဝင်းဦးက တင်တင်မြ သီဆိုမယ့် သီချင်းတွေကို ပင်တိုင်ရေးပေးရတဲ့ သီချင်းရေးဆရာ ဖြစ်ပြီး အင်မတန် မိန်းမပီသပြီး အိဒ္ဒြေကြီးတဲ့ တင်တင်မြကို သီချင်းရေးစရာလေးက သဘောကျပါတယ်။ 

http://www.mandalaydirectory.com/listing/shwe-myanmar-u244958-57280.html

ဒါပေမယ့် တင်တင်မြရဲ့  ညီမဖြစ်တဲ့ ချိုပြုံးကတော့ အမဖြစ်သူနဲ့ ပုံစံကွဲပြားစွာ သွက်လက်ချက်ချာတဲ့ ကောင်မလေးတစ်ယောက်ပါ သူမက သီချင်းရေးဆရာလေးကို သဘောကျသွားခဲ့ပါတယ်။ အဲ့ဒါနဲ့ သူမက သူမရဲ့သဘော တစ်ခုထဲကိုသာ ကြည့်ပြီး လိုချင်တာကို အရယူခဲ့ပြီး အမရဲ့ခံစားချက်တွေ၊ ဂရုဏာတွေကို လစ်လျူရှုခဲ့ပါတယ်။ 

အမတစ်ယောက်ရဲ့  ကိုယ့်ရဲ့အငယ်တစ်ယောက် အပေါ်မှာ  ဂရုဏာကို တစ်ကျော့နှစ်ကျော့ တေးကိုသီ ဇတ်ကားမှာ ပေါ်လွင်အောင် ရိုက်ကူးထားတာကို တွေ့ရမှာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား အဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ 

http://www.mandalaydirectory.com/listing/aye-myittar-u240145-110468.html

 

Bookmark