Movies Mandalay Trend Event & Entertainment

အားလပ်ရက်တွေမှာ အိမ်မှာနေရင်း အပျင်းပြေကြည့်ရှုနိုင်ဖို့ ဇာတ်ကားကောင်း(၆)ကား

Read 258 times

လာမယ့် ရက်တွေမှာ ရုံးပိတ်ရက်တွေကလဲရှိ၊ နွေရာသီကျောင်းပိ်တ်ရက်တွေကလဲရှိတော့ အိမ်မှာ အနားယူဖို့အချိန်အများကြီးရှိနေတဲ့ ကာလပဲဖြစ်ပါတယ်။ ဒါ့အပြင် Covid 19 ရောဂါကြောင့် လူစုလူဝေးတွေရှိတဲ့နေရာရှောင်ရှားရင်း တချို့ဆိုရင် အပြင်မထွက်ပဲ ကိုယ့်အိမ်မှာပဲ အနားယူနေကြပါတော့တယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ အိမ်မှာနေရင်း အပျင်းပြေကြည့်ရှုနိုင်ဖို့ 2020 ရဲ့ ဇာတ်ကားကောင်း(၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Itaewon Class (2020)

ဒီကားမှာတော့ အတွင်းရေးမှုးကင်မ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ပတ်ဆိုးဂျွန်မှ မင်းသမီးချော နှစ်ယောက်နဲ့အတူ ခေါင်းမာတတ်တဲ့ လူငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငွေများတရားနိုင်ဆိုတာက ခေတ်အဆက်ဆက်ကိုရှိခဲ့တာပါတယ်။ ဒီဇာတ်လမ်းမှာတော့ အဖေတစ်ခုသားတစ်ခုဘဝမှာ အဖေကိုဆုံးရှုံးလိုက်ရတဲ့ လူမှန်လေးတစ်ယောက်ရဲ့ဘဝက ဘယ်လိုတွေဆက်ဖြစ်နိုင်မလဲ၊ သူရည်မှန်းထားတာတွေကို ဆက်လုပ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

၂။ BRAHMS: THE BOY II

အရင်နံပါတ်(၁)ကားထွက်တုန်းကတော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ အခု ဒီနံပါတ်(၂)ဇာတ်ကားမှာတော့ မိခင်နဲ့သားနှစ်ဦးတည်း အိမ်မှာရှိနေတုန်း အိမ်တွင်းဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ မိခင်ဖြစ်သူက အရမ်းကို စိတ်ခြောက်ခြားခဲ့ပြီး ညတိုင်းအိမ်မက်ဆိုးတွေမက်သလို သားဖြစ်သူကလည်း စကားမြပောနိုင်လောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူက ခဏတဖြုတ်နေထိုင်ဖို့အတွက် ဟယ်ရှိယားဆိုတဲ့ တောရွာကလေးကို သူတို့နှစ်ယောက်ကိုခေါ်သွားရင်း သားဖြစ်သူက အရုပ်ကလေးတစ်ရုပ်ကို ကောက်ရခဲ့ပါတယ်။ အဲဒီအရုပ်လေးဟာ နံပါတ်၁အရုပ်လေးနဲ့ ဆက်စပ်နေမလား၊ နောက်ခံသမိုင်းကရော ဘယ်လိုဖြစ်နေမလဲဆိုတာ ပရိတ်သတ်တွေက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၃။ Kingdom Season 2 (2020)

အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။ သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။ အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။

၄။ The Invisible Man

ဒီဇာတ်ကားကတော့ ဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ကိုယ်ပျောက်နိုင်တဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆယ်စီလီရယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ အရာရာကိုချုပ်ကိုင်ထားချင်တဲ့ အေဒရီယန်ဆိုတဲ့ ရည်းစားဖြစ်သူကို စွန့်ခွာခဲ့ပါတယ်။ ဒါပေမယ့် အေဒရီယန်ဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး ခေါင်းမာတတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ အေဒရီယန်သေပြီးနောက်ပိုင်းမှာတော့ ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို ပြုလုပ်တာကို ပရိတ်သတ်တွေကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

၅။ HITMAN

ဒီဇတ်ကားလေးကတော့ အက်ရှင်၊ အချစ်၊ ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်တည်းက ကာတွန်းရေးရတာ ဝါသနာပါခဲ့ပြီး စပိုင်အလုပ်လုပ်နေတဲ့ ဂျွန်ဟာ စပိုင်အလုပ်ကိုစိတ်ကုန်သွားတဲ့အချိန်မှာ ကာတွန်းဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲချိန်မှာ နိုင်ငံတော်လျို့ဝှက်ချက်တွေ စပိုင်လုပ်ငန်းအသေးစိတ်တွေပါဝင်တဲ့ ကာတွန်းစာအုပ်ကို အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

၆။ MAFIA

မူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအွက် ခေါင်းစားနေချိန်မှာ မူးယစ်ဆေးဝါးအမှုတွေကို နောက်ကွယ်ကကြိုးကိုင်နေတာက ဘယ်သူတွေလဲ၊ အာရ်ယန်ကရော အဲဒီအမှုကို ဘယ်လိုဖော်ထုတ်မှာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

My Mandalay

Bookmark