Business Food and Drink

မန္တလေးတွင် မိုးစပါးထုတ်လုပ်သူ တောင်သူများအား အစိုးရမှ ငွေကျပ်သန်း (၁,၄၀၀) ကျော် ထောက်ပံ့

Read 177 times

By Thant 

COVID-19 ရောဂါ ထိန်းချုပ်ရေး ကာလအတွင်းတွင် စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ     တောင်သူများအား ငွေကျပ်သန်းပေါင်း (၁,၄၀၀) ကျော် ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်း   မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ  စက်တင်ဘာ   (၂၁) ရက်နေ့က ကြေညာခဲ့သည်။ 

မန္တလေးတိုင်းအတွင်းမှ တောင်သူ စုစုပေါင်း (၂,၇၀၉) ဦး၏ မိုးစပါးမျိုးစေ့ စိုက်ထုတ်မှု ဧကပေါင်း (၉,၃၈၇) အတွက် ယင်းငွေပမာဏအား အပြီးသတ် ပေးအပ်ထားပြီ ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးတိုးမင်းမှလည်း မျိုးစေ့ထုတ် တောင်သူ များအား ဩဂုတ်လမှ စတင်ကာ လှည့်လည် ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် တောင်သူများထံ အပြီး   ထောက်ပံ့ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားထားသည်။

မန္တလေးတိုင်း အတွင်းက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေကျပ် (၁,၄၀၅,၁၇၁,၂၅၀) အား ယခုလအတွင်း၌ အပြီးသတ် ထောက်ပံ့ပေးအပ် ပြီးပြီ ဖြစ်ကြောင်း ပြောကြားထားသည်။ 

ယင်းကဲ့သို့ ပေးအပ်ရာတွင် 

  • အရည်အသွေးကောင်း      မျိုးစေ့ထုတ်စိုက်ဧက (၁) ဧကလျှင် ငွေကျပ် (၁၅၀,၅၀၀) နှုန်းနှင့် 

  • အထွက်ကောင်း မျိုးစေ့ထုတ် စိုက်ဧက (၁) ဧကလျှင် ငွေကျပ် (၁၄၈,၅၀၀) နှုန်း 

ဖြင့်  ‌ေထာက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကြေးအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ရာ မိုးစပါးမျိုးစေ့ထုတ်    စိုက်ဧက စုစုပေါင်း  (၁) သိန်းအား     ထောက်ပံ့ငွေများပေးအပ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ မိုးစပါးမျိုးစေ့ထုတ်သော တောင်သူများ၏ စိုက်ဧက စုစုပေါင်း (၉,၃၈၇) ဧကအတွက် ထောက်ပံ့ငွေရရှိခဲ့သည်။ 

Source: State Concelor 

Bookmark