Event & Entertainment

ပိတ်ရက်မှာ အနားယူရင်း ကြည့်သင့်တဲ့ K Drama ဇာတ်လမ်းတွဲ (၅)ခု

Read 363 times

K Drama တွေကိုပဲ ကြိုက်တယ်ဆိုတဲ့ ချင်းဂုတို့အတွက် ပိတ်ရက်မှာ အနားယူရင်း ဇာတ်ကားတွေပဲ ကြည့်မယ်လို့ စိတ်ကူးထားကြပြီလား???

ဒီလိုမျိုး စိတ်ကူးထားတယ်ဆိုရင်တော့ အခုလက်ရှိမှာ လူကြိုက်များနေတဲ့အပြင် တစ်ပတ်နဲ့ တစ်ပတ်မလွတ် အောင်  စောင့်ကြည့်သင့်တဲ့ ကိုရီးယား ဇာတ်ကားကောင်းတွေကို ပြောပြပေးသွားပါမယ်။

ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုက ကွဲပြားနေတဲ့အပြင် လုံး၀ကို လက်လွှတ်မခံသင့်တဲ့ ဇာတ်၀င်ခန်းတွေ ကို ဇာတ်လမ်းတွဲ တစ်ခုစီမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကဲ အဲ့ဒါဆိုရင်တော့ ဇာတ်လမ်းတွဲ နာမည်တွေနဲ့ ဇာတ်လမ်းအတိုချုပ်လေးတွေကို ပြောပြပေးသွားပါမယ်နော်။

(၁) Penthouse War In Life

Penthouse လို့ပြောလိုက်တာနဲ့ လောင်ရတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မိုးမျှော်စံအိမ်က မိသားစုတွေရဲ့ အရှုပ်တော်ပုံတွေလို့လည်း ပြောလို့ရပြန်ရော။ မိသားစု အရှုပ်တော်ပုံ ဇာတ်လမ်းဆိုပေမယ့် တကယ်ယူတက်မယ် ဆိုရင်တော့ အများကြီး ရပါလိမ့်မယ်(နောင်တတော့ မဟုတ်ဘူးနော်) ။ ဒီဇာတ်ကားကို ဘယ်လို အချိန်မှာ ကြည့်သင့်လဲဆိုရင် တစ်ယောက်ယောက်ကို မကျေနပ်တဲ့အချိန်မှာ ကြည့်ကြည့် ဒေါသတွေက အဲ့ဇာတ်လမ်းထဲ မျောသွားလိမ့်မယ်။(မယုံမရှိနဲ့နော်)

(၂) True Beauty

True Beauty ဇာတ်လမ်းဟာဆိုရင်တော့ အစပိုင်းမှာ နည်းနည်းတော့ ပျင်းစရာကောင်းချင် ကောင်းမယ်။ဆက်ကြည့်လို့ရော ကောင်းပါအုံးမလားလို့ တွေးချင်တွေးမိလိမ့်မယ်။ဒါပေမယ့် ဇာတ်လမ်း တစ်ပိုင်းနဲ့ တစ်ပိုင်း ချိတ်ဆက်ထားတာ ကောင်းတဲ့အတွက် လှပတဲ့ ကျောင်းဇာတ်လမ်းတွဲလေး အဖြစ်မြင်ရမှာ ဖြစ်ပါတယ်။

(၃)Mr.Queen

ဇာတ်လမ်းနာမည် မှားနေတယ်လို့ ထင်နေပါသလား။ အမှန်တော့ ဇာတ်လမ်းနာမည်က မှားမနေပါဘူး။ (ဇာတ်လမ်းကိုက အဲ့လိုမျိုး မထင်ထားတဲ့ ဇာတ်ကွက်တွေပါလို့ပါ။)ဒီဇာတ်ကားကို ကြည့်ရင်တော့ မရီရမှာတော့ လုံး၀ မပူနဲ့။တစ်ကားလုံးနီးပါးကို ရီနေရတယ်ဆိုတာ ကြည့်ဖူးတဲ့သူတွေအသိပဲ။ပေါ့ပေါ့ပါးပါး ဟာသ ဇာတ်လမ်းတွဲကြည့်မယ်ဆိုရင်တော့ ဒီဇာတ်လမ်းကို ကြည့်ဖို့ ပြောချင်ပါတယ်။

(၄)Sweet Home

ဒီဇာတ်လမ်းကတော့ Horror ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။အပိုင်း(၁၀)ပိုင်းပဲ ပါ၀င်တာ ဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲကြည့်မယ်ဆိုရင် အချိန်အကြာကြီး အကုန်မခံချင်တဲ့သူတွေအတွက် Highly Recommed ပါ။လူသားတွေကနေ တစ်ဆင့်မကောင်းဆိုးဝါးတွေ ပြောင်းလဲသွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး အဲ့မကောင်းဆိုးဝါးတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၅) Lovestruck in the City

ဒီဇာတ်လမ်းလေးရဲ့ ပုံစံလေးကတော့ အငြိမ်ဘက်ကိုသွားပါတယ်။Drama ဆန်ဆန်ငြိမ်ငြိမ်အေးအေးလေးကို ကြည့်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်စေချင်ပါတယ်။ မင်းသား (Ji Chang-Wook) ပါ၀င်သရုပ်ဆောင်ထားတဲ့ ခရီးသွား ဇာတ်လမ်းပုံစံမျိုးလေး ဖြစ်ပါတယ်။ ခရီးမသွားရတဲ့အတူတူ ခရီးသွားရတဲ့ ခံစားချက်ကို ဖြစ်ချင်တယ် ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ဖို့ Recommed ပေးချင်ပါတယ်။

ဒီအပေါ်က ပြောခဲ့တဲ့ ဇာတ်လမ်းတွဲတွေအပြင် နောက်ထပ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတွေ ရှိတယ်ဆိုရင်လည်း တစ်ချက်လောက် မျှဝေခဲ့ကြပါအုံးနော်။အတူတူ ဇာတ်လမ်းတွဲတွေ ကြည့်ကြတာပေါ့။

 

 

Bookmark