ကိုယ်တွေ အားလုံး ဒါမှမဟုတ် တော်တော်များများရဲ့ ငယ်ဘဝစာမျက်နှာတွေမှာ ရုပ်ပြ၊ ကာတွန်းစာအုပ်တွေဆိုတာ အမြဲတမ်း အတူရှိနေခဲ့တဲ့ ပျော်စရာလေးတွေ ဆိုရင်လည်း မမှားပါဘူး။
ငယ်ငယ်က ကာတွန်းစာအုပ်တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါတဲ့ ကာတွန်းအတိုအစလေးတွေကအစ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖြစ်ခဲ့တာပေါ့။ ငယ်ငယ်က ရပ်ကွက်ထဲမှာရှိတဲ့ စာအုပ်အဌားဆိုင်တွေမှာ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ အလုအယက် ငှားခဲ့ကြရတာကတော့် ပျော်စရာ တစ်ခုပါပဲ။
အဲ့ဒါကြောင့် ရုပ်ပြ၊ ကာတွန်းဇာတ်ကောင်တွေဟာ ကိုယ်တွေရဲ့ ငယ်ဘဝကို ထင်ဟက်စေတဲ့ အကြောင်းအရာလေး တစ်ခုပါ။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ကာတွန်း၊ ရုပ်ပြတွေကို အခုဆိုရင် အသံထွက် ရုပ်ပြအနေနဲ့ Yoke Pya ဆိုတဲ့ Facebook Page လေးကနေ တင်ဆက်ပေးနေပြီ ဖြစ်ပါတယ်။
Yoke Pya ဆိုတဲ့ Page လေးကနေ ငယ်ငယ်ကတည်းက သဘောကျခဲ့တဲ့ ကာတွန်းလေးတွေကို ဖတ်ပြပေးတဲ့ You Tube Channel လေးဖြစ်တဲ့ NDSP ကနေ အပတ်စဉ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အကယ်၍ ရုပ်ပြ အသံ သရုပ်ဖော်တာကို သဘောမကျတဲ့ သူတွေ အတွက်လည်း WE Distrubution နဲ့ပေါင်းစပ်ပြီး စာအုပ်များကို အလွယ်တကူ ဝယ်ယူနိုင်အောင် ပြုလုပ်ပေးထားကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ကာတွန်းစာအုပ်မှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ရော၊ အသစ်အဆန်း ရုပ်ပြ အသံထွက် ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်ပါ အဆင်ပြေအောင် ပြုလုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။